စစ်တွေမြို့ ကသဲရပ်ကွက်တွင် မီးလောင်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ (သတင်းတို)

By Western News / 2023 October     10

ရခိုင်ပြည် စစ်တွေမြို့ ကသဲရပ်ကွက် (၁) တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၁၁ နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်သူရပ်ကွက်သားများမှ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြသည်။

ဒေသခံတစ်ဦးက “ထမင်းချက်နေရာကနေ မီးလောင်သွားတာ။ လောင်လောင်ချင်းပဲ ရပ်ကွက်သားတွေက ရေဗူးတွေကိုင်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အိမ်တစ်ဆောင်လုံးတော့ မကျွမ်းသွားဘူး။ တခြားနေအိမ်တွေကို မကူးစပ်သွားဘူး။ ရပ်ကွက်သားတွေ အင်အားကောင်းလို့ပေါ့နော်။ မီးငြိမ်းနိုင်ခဲ့တာ” ဟု ပြောသည်။

အဆိုပါ ရပ်ကွက်တွင် နေအိမ်များ တစ်အိမ်နှင့်တစ်အိမ် ပူးကပ်နေကြ၍ အချိန်မီ မငြိမ်းသတ်နိုင်ခဲ့ပါက မီးလောင်မှု များပြားနိုင်ကြောင်း သိရသည်။

စစ်တွေမြို့နယ် မီးသတ်တပ်ဖွဲ့အား အချိန်မီအကြောင်းကြားခဲ့သော်လည်း ရပ်ကွက်သူရပ်ကွက်သားများ မီးငြိမ်းသတ်၍ ပြီးချိန်မှ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူအချို့တို့ ရောက်ရှိလာကာ မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြသည်။

နွေရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူတွေများအနေဖြင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြရန် စစ်တွေမြို့နယ်မီးသတ်တပ်ဖွဲ့မှ သတိပေးထားမှုများရှိနေသည်။

https://www.facebook.com/westernnewsagency/posts/760347122771383

Leave a Reply

Your email address will not be published.