စစ်တွေမြို့ထဲမာ ခွဲထွက်ALPအဖွဲ့ဝင်တိနန့် ​မြန်မာစစ်တပ်ရို့ပူးပေါင်းလို့ ပြည်သူတိကို စစ်ဆီးနီ

By Arakan Princess Media / 2023 October    2

စစ်တွေမြို့မာ ဒေရက်ပိုင်း ဒေါ်စောမြရာဇာလင်း ဦးဆောင်ရေ  ခွဲထွက် ALP အဖွဲ့ဝင်တိနန့် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တိပူးပေါင်းပြီးကေလမ်းလားလမ်းလာ ဒေသခံပြည်သူတိကို စစ်ဆီးမှုတိ လုပ်နီကြောင်း ဒေသခံတိက ပြောပါရေ။

ခွဲထွက် ALP အဖွဲ့ဝင်တိစွာ ​မြန်မာစစ်တပ်ယူနီဖောင်းတိကို ဝတ်ပနာ မြန်မာစစ်တပ်တပ်ဖွဲ့ ဝင်တိ၊ ရဲတပ်ဖွဲ့ဝင်တိနန့်ပူးပေါင်းလို့လမ်းလားလမ်းလာတိကို တင်းတင်းကျပ်ကျပ် ​ စစ်ဆီးနီစွာ ဖြစ်ပါရေ။

အောက်တိုဘာ ၁ ရက်နိမိုးထက စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ခွဆုံနန့် ကျေးတောရွာ ခွဆုံရို့မာ ခွဲထွက် ALPအဖွဲ့ဝင်တိနန့် မြန်မာစစ်တပ်ပူးပေါင်းအင်အား ၃၀ လောက်စွာ လမ်းလားလမ်းလာ ဒေသခံပြည်သူတိကို ဆိုင်ကယ်တိရပ်ခိုင်းပနာ အိတ်တိ၊ ဖုန်းတိ ဖွင့်စစ်ပြီးကေ ဖိအားပီးစစ်ဆီးခရေလို့ ဒေသခံ တိက​ ဆိုပါရေ။

စပ်တမ်ဘာ ၂၃ ရက်နိကလည်း ခွဲထွက် ALP အဖွဲ့ဝင် ၄ ယောက်စွာစစ်ကောင်စီရဲတပ်ဖွဲ့ ဝင်တိ နန့်ပူးပေါင်းပနာလမ်းလားလမ်းလာတိကို စစ်ဆီး ခရေပိုင်၊ စပ်တမ်ဘာ ၁၆ ရက်နိကလည်း မြန်မာ စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားရေ ခွဲထွက် ALPအဖွဲ့ဝင်တချို့စွာ မြန်မာ စစ်တပ်တပ်ဖွဲ့ဝင်တိနန့် ပူးပေါင်းပြီးကေ ဘီလူးမတန်းထားနားမာ လမ်းလားလမ်းလာတိကို စစ်ဆီးမှုတိလုပ်ခကတ်ပါရေ။

ယင်းအပြင် စပ်တမ်ဘာ ၁၁ ရက်နိကလည်း ခွဲထွက် ALP အဖွဲ့ဝင်တိ၊ မြန်မာစစ်တပ်၊ရဲတပ် ဖွဲ့ဝင်တိပူးပေါင်းအင်အား ၄၀ လောက်စွာ စစ် တွေ၊ ဗျိုင်းဖြူရွာခွဆုံမာ ပြည်သူတိကို တင်း တင်းကျပ်ကျပ် စစ်ဆီးခကြောင်းလည်း သိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/341671924924435

Leave a Reply

Your email address will not be published.