By Border News Agency / 2023 October 20

စစ်တွေမြို့မှာ ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုကိုအောက်တိုဘာလ၂၀ရက်၊ဒီနေ့စတင်ကျင်းပပြုလုပ်နေပါတယ်။
အဲဒီပွဲတော်ကို စစ်တွေမြို့၊မင်းဘာကြီးလမ်းရှိ ဆရီဆရီမိုဟာဒေဗ့်ဘာရီ(မဟာသီဝ)ဟိန္ဒူဘုရားကျောင်း ၊မောလိပ်ရပ်ကွက်၊မင်းဘာကြီးလမ်းဟိန္ဒူဘုရားကျောင်းတွေမှာပြုလုပ်ကြတာဖြစ်ပါတယ်။
အဲဒီပွဲတော်သို့ စစ်တွေမြို့ရှိ လူမျိုးပေါင်းစုံက လာရောက်ကြတာမို့ ပွဲတော်အတွင်း စုံလင်ကွဲပြားမှုအ လှတရားတွေကို မြင်တွေ့ရတယ်လို့ ဟိန္ဒူလူမျိုးတွေက ဆိုကြပါတယ်။
ဒီပွဲတော်မှာဘုရားရှိခိုးပူဇော်ပသခြင်း၊ဆွမ်းကပ်ခြင်း၊ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဗုံ၊ဆိုင်းဝိုင်းအ တီးအမှုတ်များဖြင့် ကခုန်ခြင်း၊ဆီးမီးပူဇော်ခြင်းစတာတွေကိုပြုလုပ်ကြပါတယ်။
ရခိုင်မှာ ဟိန္ဒူဘာသာဝင်တွေဟာ လူန ည်းစုသာဖြစ်ပြီးစစ်တွေ၊မောင်တော၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊ကျောက် ဖြူစတဲ့မြို့တွေမှာ လူဦးရေနှစ်သောင်း နီးပါးသာရှိတယ်လို့ ဆိုပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပဋိ ပက္ခအတွင်း ဟိန္ဒူဘာသာဝင်တချို့သတ်ဖြတ်ခံခဲ့ရပြီး တချို့မှာတဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ
ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
https://www.facebook.com/bordernewsagency/posts/347892074425630