စစ်တွေမြိုပေါ် ကျောင်းတက်လမ်းရပ် ကွက်ရှိဟိန္ဒူလူမျိုးနေရာမှာ လမ်းတွေပြုပြင်ဖိုလိုအပ်နေ

By Border News Agency / 2023 October   16

စစ်တွေမြိုပေါ် က ဟိန္ဒူလူမျိုးနေတဲ့ ကျောင်းတက်လမ်းရပ်ကွက်က လမ်းတွေဟာ ရေတွေနစ်မြုပ် နေတာကြောင့် သွားလာရေးမှာအခက်အခဲရှိနေတာမို့တာဝန်ရှိသူတွေ အနေနဲ့ ပြုပြင်ပေးစေချင်တယ်လိုဟိန္ဒူလူမျိုးတွေ တောင်းဆိုနေကြပါတယ်။

အဲဒီစစ်တွေမြို၊မောလိပ်ရပ်ကွက်နဲ့ကျောင်းတက်လမ်းရပ်ကွက်က ဟိန္ဒူလူ မျိုးတွေနေတဲ့နေရာတွေမှာ လမ်းတွေစနစ်တကျမရှိသလို နေရာအနှံမှာနေတွေနစ်မြုပ်နေတာကြောင့် ကလေးတွေသွားလာတဲ့အခါ ရေနစ်တာတွေထိဖြစ်နိုင်တယ်လိုလည်း ဆိုကြပါတယ်။

အဲဒီနေရာတွေဟာ မိုခါမုန်တိုင်းကြောင့် လည်းပျက်စီး သွားခဲ့ရသလို သူတို့ကိုလက်ရှိအချိန်ထိ ထိရောက်တဲ့ကူညီထောက်ပံ့မှုတွေမရှိကြသေးဘူးလိုလည်း ဆိုကြပါတယ်။

ရခိုင်က ဟိန္ဒူလူမျိုးတွေဟာ ခွဲခြားဆ က်ဆံခံနေကြရသလို လူနေမှုအခြေအ နေတွေကအစ ပစ်ပယ်ခံနေကြရတယ်လို ဟိန္ဒူလူမျိုးတွေကပြောဆိုကြပါတယ်။

အဲဒါကြောင့်သူတိုရဲ့နေ့စဥ်သွားလာရေး မှာအဆင်ပြေစေဖို ဒီလမ်းလေးတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်လုပ်ပေးစေချင်တယ်လို ဆိုကြပါတယ်။

ရခိုင်မှာ ဟိန္ဒူလူမျိုးတွေဟာ လူနည်းစု ဖြစ်သလို အလုပ် အကိုင်အခွင့်အလမ်းတွေ၊ပညာသင်ကြားရေးတွေ၊ခရီး သွားလာခွင့်တွေကအစ ခွဲခြားဆက်ဆံခံနေကြရတာမို နိုင်ငံတကာအနေနဲ့လည်း အကူအညီတွေပေးစေချင်တယ်လို ဟိ န္ဒူလူမျိုးတွေက တောင်းဆိုနေကြပါတယ်။

ဟိန္ဒူလူမျိုးတွေဟာ ရခိုင်က မောင်တော၊ဘူးသီးတောင်၊စစ်တွေ၊ကျောက်တော်၊ကျောက်ဖြူစတဲ့မြိုနယ်တချိုမှာသာနေထိုင် ကြပြီး သူတိုတွေ နေထိုင်ကြတဲ့ နေ ရာအား လုံးနီးပါးဟာ လမ်းတွေကအစအဆင်မပြေတာတွေများနေတာမို အ ကူအညီတွေလိုအပ်နေကြတာလို ဆိုကြပါတယ်။

https://www.facebook.com/watch/?v=874414000957609

Leave a Reply

Your email address will not be published.