စစ်တွေမြိုပေါ်က ဟိန္ဒူလူမျိုးတွေ နေအိမ်တွေပြန်ဖို့အကူအညီတွေလိုအပ်နေ

By Border News Agency / 2023 October   15

ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခဲ့တာ အောက်တိုဘာလ ၁၄ ရက်နေ့က ငါးလပြည့်ခဲ့ပေမယ့် မုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့ စစ်တွေမြိုပေါ်ကဟိန္ဒူလူမျိုးနေ အိမ်တွေပြန်မဆောက်နိုင်သေးတာမို့ပြန်ဆောက်ဖိုအကူအညီတွေလိုအပ်နေတယ်လိုဟိန္ဒူလူမျိုးတွေက ဆိုကြပါတယ်။

ပြန်မဆောက်နိုင်သေးတဲ့ နေအိမ်တွေမှာ စစ်တွေမြို၊မောလိပ်ရပ်ကွက်နဲ့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူလူမျိုးနေအိမ်တွေဖြစ်တယ်လို ဆိုကြပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြိုရှိ ဟိန္ဒူလူမျိုးနေ အိမ်တွေလည်း ပြိုပျက်သွားတာမို့ ပြန်လည်တည် ဆောက်ဖိုငွေကြေးမတတ်နိုင်ကြဘူးလို ဟိန္ဒူလူ မျိုးတွေက ဆိုကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ ပျက်စီးမှုတန်ဖိုးဟာ ကျပ်ဘီလီယံ ၅၂၀ ကျော်ရှိခဲ့တယ်လို ရခိုင်စစ်ကောင်စီက ဆိုပါတယ်။

အဲဒီလိုအပျက်အစီးတွေများစွာရှိခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ထိရောက်တဲ့ အကူအညီတွေမပေးဘူးလို ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုထိရောက်တဲ့အကူအညီတွေမပေးတဲ့အပြင် ပြည်တွင်း၊ပြည်ပကူညီရေးအဖွဲတွေကိုပါ ကန့်သတ်ထားတယ်လို ကုလသမဂ္ဂအပါအဝင်ပြည်တွင်းကူ ညီရေးအဖွဲတွေက ဆိုကြပါတယ်။

စစ်ကောင်စီကတော့ ရခိုင်မှာ မိုခါမုန်တိုင်းအလွန်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေပြီးဆုံးသွားပြီလိုထုတ်ပြန်ထားပေမယ့်အလှူငွေရရှိ၊သုံးစွဲမှုငွေ စာရင်းရှင်းတမ်းတွေ ထုတ်ပြန်ထားတာကိုမတွေ့ရသေးပါဘူး။

https://www.facebook.com/watch/?v=660637652826016

Leave a Reply

Your email address will not be published.