စစ်တွေမာ သားဖ ၂ ယောက် ပစ်သတ်ခံရလို့ အဖဖြစ်သူ သီဆုံး၊ သမီးဖြစ်သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရ

By Arakan Princess Media / 2023 October    5

ဒေနိ(အောက်တိုဘာ ၅ ရက်နိ) ညည့် ၇ နာရီခွဲလောက်က စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွှီပါရမီ ဘုန်းကြီးကျောင်းရှိဟိ နီအိမ်မာ သားအဖ ၂ ယောက်ပစ်သတ်ခံရလို့ အဖဖြစ်သူသီဆုံးပနာ သမီးဖြစ်သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရ လားကြောင်း သိရပါရေ။

သီဆုံးလားလူမာ အဖဖြစ်သူ ဦးမောင်ကျန်စိန် (၆၂နှစ်) ဖြစ်ပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရလားရေလူမာ သမီးဖြစ်သူ ဒေါ်ဦးတင်ယဉ် (ခ)မမချေ (၃၀နှစ်)ဖြစ်ပါရေ။

ဒေနိညည့် ၇ နာရီခွဲလောက်က သူရို့သားဖနှစ်ယောက်စွာ အိမ်မာ ဟိနီချိန် နာမည် မသိလူ ၃ ယောက် အိမ်ထဲဝင်လာပြီးကေ သီနတ်နန့် ၅ ချက်ပစ်ခစွာလို့ နီးစပ်လူတိက ပြောပါရေ။

ယင်းသို့ပစ်ခတ်မှုကြောင့် အဖဖြစ်သူ ဦးမောင်ကျန်စိန်၏ ရင်ဖတ်၊ဝမ်းနန့် ဦးဂေါင်း ဒဏ်ရာသုံးချက်ရလားပြီးကေ စစ်တွေဆီးရုံးကြီးသို့ ပို့ဆောင်လိုက်ရပနာ ဆီးရုံရောက်လို့  ၉ နာရီ ၁၀ မိနစ်လောက်က သီဆုံးလားရေလို့ ဆိုပါရေ။

သမီးဖြစ်သူ ဒေါ် ဦးတင်ယဉ်ကတော့ ဘယ်ဖက်ပေါင်နန့် ဘယ်ဖက်လက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာရလားပြီးကေ လက်ဟိ စစ်တွေဆီးရုံကြီးမာ အရေးပေါ်ဆီးကုသမှုခံယူနီရပါရေ။

ပစ်ခတ်မှုဖြစ်ခရေ စက်ရုံစုရပ်ကွက်စွာ ဒေါ်စောမြရာဇာလင်း ဦးဆောင်ရေ ခွဲထွက် ALP အဖွဲ့ အခြီစိုက်တေ နီရာဖြစ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/343275731430721

Leave a Reply

Your email address will not be published.