By Arakan Princess Media / 2023 October 24

စစ်တွေက မနွယ်သန္တာဝင်းသတ်ဖြတ်ခံရမှုနန့်ပတ်သက်လို့ တရားစီရင်မှု အနီအထားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်ရေ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရီးရာဌာန၏ တရားဝင်လူမှုကွန်ရက်စာမျက်ဖြစ်တေ Justice For Arakan က ဒေနိ(အောက်တိုဘာ ၂၄ ရက်နိ) အသိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ “၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ၁၅ ရက်နိ၊ ညဇာ ၄ နာရီက မနွယ်သန္တာဝင်းစွာ သူအလုပ်လုပ်နီရေ စစ်တွေမြို့၊ မေယုလမ်းဟိ Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ထဲမာ ထိုးသွင်းဒဏ်ရာတိနန့် သီဆုံးနီကြောင်း တွိခရရေ” လို့ ဆိုပါရေ။
အဆိုပါလူသတ်မှုဖြစ်စဉ်နန့်ပတ်သက်လို့ မနွယ်သန္တာဝင်း ၏ ဖခင်ဖြစ်သူ ဦးဆန်းဝင်းက ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၈ ရက် နိတွင် အာရက္ခပြည်သူ့အစိုးရ၏ ရဲတပ်ဖွဲ့သို့ ပုဒ်မ ၃၀၂(လူသတ်မှု)နန့် အမှုဖွင့်တိုင်းတန်းခရေအတွက် ရဲတပ်ဖွဲ့ကလည်း မနွယ်သန္တာဝင်းအလုပ်လုပ်နီရေ Luminous ဆိုင်မှ မန်နီဂျာ မျိုးမြင့်ဇော်အပါအဝင် သံသယဟိသူ ၃ ယောက်အား ဥပဒေလုပ်ထုံးလုပ်နည်းတိနန့်အညီ ဖမ်းဆီးစစ်ဆီးခကြောင်း သိရပါရေ။
ရဲတပ်ဖွဲ့စစ်ချက်အရ တရားခံမျိုးမြင့်ဇော်၏ ဝန်ခံထွက်ဆိုချက်မာ မနွယ်သန္တာဝင်းကို သတ်ဖြတ်ခရေလို့ ခိုင်လုံရေ အကြောင်းခြင်းရာအထောက်အထားတိကို တွိခရလို့ ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ၂၂ ရက် နိမာ သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) နန့် အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရီးရာဌာန၊ ဗဟိုတရားရုံးချုပ်က တိုက်ရိုက်ကြီးကြပ်လမ်းညွှန်မှုနန့် ဒေသတရားရုံးမာ တရားစွဲတင်ခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အမှုမာ တရားလိုအပါအဝင် လိုပြသက်သီ ၁၃ဦးနန့် တရားခံအပါအဝင် ခံပြသက်သီ ၄ ဦးရို့ကို နှစ်ဖက်ရှိနီတိနန့်တတူ အမှုစစ်ဆီးခရာ တရားခံစွာ မနွယ်သန္တာဝင်းကို မုဒိမ်းကျင့်ဖို့အားထုတ်ယင်းလူသတ်မှုပါ ကျူးလွန်ခကြောင်း ပေါ်ပေါက်တေအတွက် ၂၀၂၂ ခုနှစ်၊ အောက် တိုဘာ ၃၁ ရက်နိမာ ဒေသတရားရုံးက အမှုကို စွဲချက်တင်ခပါရေ။
ယင်းနောက်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နိမာ ပြစ်မှုထင်ရှားရေအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) (ဂ) အရ တရားခံကို “မသီမချင်း ကြိုးကွင်းစွပ်သတ်စီ” ဆိုပနာ သီဒဏ်အမိန့်ချမှတ်ခကြောင်း သိရပါရေ။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ တရားခံတဦးဦးက ထောင်ဒဏ် ၇ နှစ်နန့်အထက်ကျထိုက်တေ ပြစ်မှုတခုခုကို ကျူးလွန်ချိန်မာ လူသတ်မှုကိုကျူး လွန်ကေ ယင်းတရားခံကို သီဒဏ်ပီးရဖို့လို့ ပြဋ္ဌာန်းထားကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါရေ။
မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုမာ သီဒဏ်ချမှတ်ခံရသူတရားခံက တရားရုံးအဆင့်ဆင့်သို့ အယူခံတက်ခကေလေ့ တရားရုံးအဆင့်ဆင့်က သူ၏အယူခံကိုပလပ်ခပနာ မူလတရားရုံးအမိန့်ကိုရာအတည်ပြုခရေအတွက် သီဒဏ်ဆက် လက်တည်ဟိနီခရေလို့ ဆိုပါရေ။
ယင်းအတွက်ကြောင့် သီဒဏ်ချမှတ်ခံထားရသူတရားခံစွာ အာရက္ခပြည်သူ့အစိုးရ၏ အကြီးအကဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌ ထံသို့ ပြစ်ဒဏ်ကို သက်ညှာလျော့ပေါ့ပီးဖို့ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၁၈ ရက်နိမာ အသနားခံစာတင်ထားကြောင်း Justice For Arakan ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/353963580361936