စစ်ဆင်ရေး ၁၀၂၇ကိုထောက်ခံကြသူများအပေါ် ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

(မြန်မာပြည်သူတစ်ရပ်လုံး၏ မျှော်မှန်းချက်အပြည့်အ၀ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟုဆို)

By Narinjara / 2023 October     29

အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ ကို ကြိုဆို ထောက်ခံကြသည့် မြန်မာပြည်သူလူထု တစ်ရပ်လုံးအပါအဝင် အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို မိမိတို့အနေဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိမိတို့ ညီနောင် မဟာမိတ် (၃) ဖွဲ့အနေဖြင့် မိမိတို့ ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံး လိုလားဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အ၀ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

မိမိတို့၏ စစ်ရေးအောင်မြင်ရေးတို့အတွက် ပြည်သူလူထု၏ ထောက်ခံ အားပေးမှုနှင့် ဝိုင်းရန် ပံ့ပိုးမှုတို့သည် အလွန်အရေးကြီးပြီး ဤစစ်ဆင်ရေး မပြီးမချင်း မိမိတို့နှင့် တစ်သွေးတည်း၊ တစ်သားတည်းရှိရန် ဆက်လက် လိုအပ်နေအုံးမည်ဖြစ်ပါကြောင်း၊  ထို့အပြင် ဤစစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်သော မည်သည့်လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပါဝင်၍သော်လည်းကောင်း၊ ပုံစ

မျိုးမျိုးဖြင့်သော်လည်းကောင်း ဆက်လက် ပူးပေါင်းပါဝင်ကြရန်ကိုလည်း လေးလေးနက်နက် တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) တို့သည် အောက်တိုဘာ ၂၇ ရက်မှစကာ ၁၀၂၇ စစ်ဆင်ရေးဖြင့် မြန်မာစစ်တပ်ကို ရှမ်းမြောက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေသည်။

ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>

https://www.facebook.com/narinjara.info/posts/731524035681395

Leave a Reply

Your email address will not be published.