စစ်ကောင်စီကို အမြစ်ပြုတ်ချေမှုန်းဖို့ ဒေနိကစ စစ်ဆင်ရီးကြီးတရပ်စတင်လိုက်ကြောင်း MNDAA ကြေညာ

By Arakan Princess Media / 2023 October    27

တနိုင်ငံလုံးဟိ ပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်တေ စစ်ကောင်စီကို အမြစ်ပြုတ်ချေမှုန်းဖို့အတွက် ဒေနိ (အောက်တိုဘာ ၂၇ ရက်နိ)ကစလို့ စစ်ဆင်ရီးကြီးတရပ်ကို စတင်လိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကြေညာချက် ထုတ်ပြန်ပါရေ။

အာဏာသိမ်းစစ်ကောင်စီစွာ ပြည်သူလူထုတရပ်လုံးကို အကြမ်းဖက်သတ်ဖြတ်နီစွာတိက ကာကွယ်ဖို့၊ စစ်ကောင်စီတပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိအပေါ် စစ်အင်အားအလုံးအရင်းသုံးပြီးကေ ထိုးစစ်ဆင်တိုက်ခိုက်နီမှု၊ လီကြောင်းက ဗုံးကြဲတိုက် ခိုက်နီမှု၊ လက်နက်ကြီးတိနန့် နိ၊ညည့်အချိန်မရွီး ပစ်ခတ်နီစွာတိကို ဟန့်တားဖို့ စစ်ဆင်ရီးစတင်လိုက်စွာလို့ ဆိုပါရေ။

ယင်းအပြင် နိုင်ငံတကာက အွန်လိုင်းလိမ်လည်မှုတိပပျောက်ရီးကို ဆောင်ရွက်နီရေကာလ အတွင်းမာ ပူးပေါင်းတိုက်ဖျက်တေ အနီနန့် အထူးဒေသ(၁)အတွင်းဟိ Online Game(ကျဖင်)ကုမ္ပဏီတိနန့် အဆိုပါလုပ်ငန်းတိကို လုပ်ဆောင်နီရေ စစ်ကောင်စီတပ်နန့် ပြည်သူ့ စစ်အဖွဲ့တိကို ဝိုင်းဝန်းဖမ်းဆီးတိုက်ဖျက်လားဖို့လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

စစ်ဆင်ရီးကို စတင်ရေအနီနန့် လားသျှိုးကတဆင့် စစ်ကောင်စီတပ်စစ်အင်အားတိုးချဲ့လာဖို့စွာကို ဟန့်တားဖို့အတွက် လားသျှိုး-ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးနှစ်ခုကို ဒေနိမိုးထပိုင်းကစလို့ အရေးပေါ် ပိတ်ပင်လိုက်ကြောင်းလည်း MNDAA ကသီးသန့်ထုတ်ပြန်ထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/355341033557524

Leave a Reply

Your email address will not be published.