By Western News / 2023 October 30
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်သို့ ရက္ခိုင်တပ်တော် AA တပ်များ ရောက်ရှိနေပြီး လက်ရှိတွင် စစ်ကောင်စီ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက တရားဝင် သတင်းထုတ်ပြန်သည်။
စစ်ဆင်ရေး ပထမနေ့ဖြစ်သော အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲ ဖြစ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်အထိလည်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများနှင့် ကြိုကြားကြိုကြားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအများလည်း ပြုလုပ်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဖက်မှ ထိခို သေဆုံးမှုများရှိသလို ရက္ခိုင့်တပ်တော် AA ဘက်မှာလည်း ထိခိုက်၊ သေဆုံးမှုအချိုရှိခဲ့ပြီး အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။
အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်ပြီး သတင်းများအား ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။
ထို့အပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှ တစ်ခုဖြစ်သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲများ၌လည်း ရက္ခိုင့်တပ်တော်မှ မဟာမိတ်များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးများကို လုပ်ဆောင်နေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်သည် ကိုးကန့်၊ တအာင်းနှင့် ကချင်အပါအဝင် အခြားသော မဟာမိတ်များရှိရာ နေရာဒေသများတွင် စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို စစ်ကောင်စီ၏ တပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၃ ရက်အတွင်း မဟာမိတ်အဖွဲ့ အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များက သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာပြီဖြစ်ကြောင်း ကိုးကန့်ဘက်က အောက်တိုဘာ ၂၉ ရက်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/772727831533312