ကျောက်တော်မြို့နယ်တွင် စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်သူအား ULA/AAမှ ဖမ်းဆီးထား

By Arakan Bay News / 2023 October      18

ကျောက်တော်မြို့နယ် လိပ်မရွာတွင် စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်သူအား ULA/AA နယ်မြေရုံးမှဖမ်းဆီးထားသည်ဟုသိရှိရသည်။

မုဒိမ်းမှုကျူးလွန်သူသည် အသက် ၆၆နှစ်အရွယ်ဖြစ်ပြီး ​မုဒိမ်းကျင့်ခံရသော စိတ်ဝေဒနာသည် အမျိုးသမီးသည် အသက် ၂၂နှစ်အရွယ်ဖြစ်သည်ဟုသိရသည်။

ထိုမုဒိမ်းမှုသည် စက်တင်ဘာလ ၃၀ရက်နေ့ နေ့လည်ပိုင်း ၁၁နာရီအချိန်က စိတ်ဝေဒနာသည် အမျိုးသမီးကို အိမ်သို့ခေါ်၍ မုဒိမ်းမှုပြုကျင့်ခဲ့သည်ဟုသိရသည်။

မုဒိမ်းကျင့်သည့် တရားခံသည် သားသမီးများ လယ်ထဲသို့ အလုပ်သွားနေချိန်တွင် မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများ ပြောပြချက်အရ သိရသည်။

ထိုမုဒိမ်းကျင့်သူကို ရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာလူကြီးများမှ စစ်ဆေးသည့်အချိန်က ချက်ချင်းဝန်မခံဘဲ ငြင်းဆိုခဲ့ပြီး အောက်တိုဘာလ ၁၇ရက်နေ့မှ ကိုယ်တိုင်ဝန်ခံခဲ့ကြောင်း လိပ်မရွာမှ အုပ်ချုပ်ရေးမှူး ဦးကြာဘန်းကပြောသည်။

” ပထမတော့ ဝန်မခံပါဘူး၊ ကျွန်နော်အပါဝင် ရပ်ရွာကလူကြီးတွေမေးကြပါတယ်၊ ကျနော်တို့က အေးအေးဆေးဆေးမေးကြတာပါ၊ ဘာဖိအားမှမသုံးပါဘူး၊ နောက်မှသူဝန်ခံပါတယ်” ဟုဆိုသည်။

ထိုမှုခင်း ဖြစ်ပွားခဲ့ပြီး လိပ်မရွာ၏တာဝန်ရှိသူများမှ  ဟုတ် မဟုတ်သေချာစုံစမ်းပြီး ULA/AAနယ်မြေရုံးသို့တိုင်းကြားခဲ့သည်ဟုသိရသည်။

ပြုကျင့်ခံရသူအမျိုးသမီး၏ မိခင်က သမီးဖြစ်သူကျူးလွန်ခံရသည့်အတွက် လုံးဝမကျေနပ်ကြောင်းနှင့် ထောင်ကျစေလိုကြောင်း အုပ်ချုပ်ရေးမှူးကိုပြောကြားခဲ့သည်ဟု ဆိုသည်။

ရခိုင်တွင် မုဒိမ်းပြုကျင့်မှုခံနေရသူများထဲတွင် အသက်အပြည့်သေးသူများအပါအဝင် စိတ်ဝေဒနာခံစားနေရသူများပါ ပါဝင်လာနေသည်ကိုတွေ့ရသည်။

မုဒိမ်းမှုနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မီဒီယာများသို့ပြောကြားထားသည်။

https://www.facebook.com/ArakanBayNewsMedia/posts/295034296716162

Leave a Reply

Your email address will not be published.