By Border News Agency / 2023 September 7
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာအမျိုး သမီးတွေဟာ အခက်အခဲတွေကြားထဲမှာ အသက်ရှင်ရပ်တည်ရေးအတွက် ရု န်းကန်နေကြရတယ်လို့ ဆိုကြပါတယ်။
သူမတို့ဟာ နေ့စဥ်စားဝတ်နေရေးအတွ က်မဖုံလှုံတဲ့ရိက္ခာတွေကိုမိသားစုတွေစားဖို့ချွေးတာချက်ပြုတ်နေကြရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအခြေအနေတွေကို ဘာလူခါလီဒု က္ခသည်စခန်းမှာနေထိုင်တဲ့ရိုဟင်ဂျာအ မျိုးသမီးတစ်ဦးကတော့ ခုလိုပြောပြပါတယ်။
အဲဒီအပြင်သောက်သုံးရေတွေလုံလော က်စွာမရရှိတာ၊အိမ်သာတွေအဆင်မပြေတာတွေကို ရိုဟင်ဂျာအမျိုးသမီးတွေ ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
နောက်ပြီးဘေးကင်းလုံခြုံမှုကင်းမဲ့သ လိုအမိုးအကာတွေခိုင်ခန့်လုံခြုံမှုအားန ည်းတဲ့ဒုက္ခသည်စခန်းတွေမှာစိုးရိမ်ကြောက်လန့်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအခြေအနေတွေကို ဘာလူခါလီဒု က္ခသည်စခန်းမှာနေထိုင်တဲ့ရိုဟင်ဂျာအ မျိုးသမီးတစ်ဦးကတော့ ခုလိုပြောပြပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေမှာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသလိုခုနောက် ပိုင်း ဆေးဝါးကုသခွင့်တွေကို ကန့်သတ်ခံနေကြရတယ်လို့ဆိုကြပါတယ်။
အဲဒီအပြင်အကြမ်းဖက်မှုတွေ၊လူမှောင်ခိုကုန်းမှုတွေကြားထဲမှာ မျှော်လင့်ချက်မဲ့နေထိုင်နေကြရတယ်လို့လည်း ရိုဟင်ဂျာအမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအခြေအနေတွေကို ဘာလူခါလီဒု က္ခသည်စခန်းမှာနေထိုင်တဲ့ရိုဟင်ဂျာအ မျိုးသမီးတစ်ဦးကတော့ ခုလိုပြောပြပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်ကမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစ စ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူဦးရေခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတ ယ်။
အဲဒီရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျ န်းမာရေး၊ခရီးသွားလာရေးစတဲ့အခက် အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အ ကြမ်းဖက်သတ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်း ဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတ ယ်။
အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာပြန်လည်လက်ခံရေးပြုလုပ်မယ်လို့ဆိုထားပေမယ့် ဘယ်နေ့၊ဘယ်အချိန်၊ဘ ယ်လိုပြုလုပ်မယ်ဆိုတာကိုတော့အတိ အကျထုတ်ပြန်ထားတာမရှိသေးပါဘူး။