By Narinjara / 2023 September 22
အချုပ်ကားရဲ့ သံပန်းတွေနဲ့ ကာရန်ထားတဲ့ ပြတင်းပေါက်ကျဉ်းကျဉ်းကလေးထဲက “ငါ့ နေကောင်းတယ်” ဆိုတဲ့ စကားထက် အပိုပြောခွင့်မရတဲ့ အဖြေစကားသံကြောင့် သူမကို စောင့်နေကြတဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ဟာ စိတ်သက်သာရကြပေမဲ့ စိုးရိမ်စိတ်တွေတော့ ရှိနေကြပါတယ်။
သူမရဲ့ အရေတွေ တွန့်လိမ့်နေတဲ့လက်နှစ်ချောင်းကို လက်ထိပ်ခတ်ထားပေမဲ့ အပြုံးတစ်ချက်မညိုး မျက်နှာတစ်ချက် မပျက်သွားဘဲ သူမကို ရုံးထုတ်ရာလမ်းတစ်လျှောက်စောင့်နေကြတဲ့ သူတွေကို အပြုံးနဲ့ နူတ်ဆက်ခဲ့ပါတယ်။
သူမကတော့ အသားအရေတွေက နုညံ့ပျော့ဖတ်နေပေမဲ့ ဆံပင်တွေဖြူ ပါးရေတွေ တွန့်နေတဲ့ အသက် ၆၈ အရွယ် အမျိုးသမီးကြီး သံမဏိနှလုံးသားပိုင်ရှင် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ အမျိုးသမီးဒေါ်ညိုအေးဘဲ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားရေးအတွက် ၊ အမျိုးသမီးတွေအခွင့်အရေးအတွက် အဖက်ဖက်က နိမ့်ကျနေတဲ့ ရခိုင်ပြည်သူ ပြည်သားတွေအတွက် သူမဘ၀ကို စတေးခံဖို့ ဝန်မလေးတဲ့ သံမဏိလို့ မာကျောတဲ့ နှလုံးသားနဲ့ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ သူမဟာ ခုတော့ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရပြီး လက်ရှိ စစ်တွေထောင် နရသိန်မှာ အကျဉ်းချခံနေရပါတယ်။
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာ သတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက် ဖော်ပြပါ ပလက်ဖောင်းများတွင်လည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။