လူတိုင်းသတိထားသင့်တဲ့ “ဆီးလမ်းကြောင်းပိုးဝင်ခြင်း” အကြောင်း

By DMG / 2023 September        26

“ဆီးလမ်းကြောင်းပိုးဝင်ခြင်း”ဆိုတာဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေက အကြောင်းအမျိုးမျိုးနဲ့ ဆီးလမ်းကြောင်းကနေ ဝင်ရောက်သွားတာပါ။ “ဆီးလမ်းကြောင်းပိုးဝင်ခြင်း”ဟာ အသက်အရွယ်နဲ့ လိင်ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာဖြစ်ပွားနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တာကို စောစောသိပြီး စောစောကုသမယ်ဆိုရင် မြန်မြန်သက်သာမှာဖြစ်သလို တကယ်လို့ မကုသဘဲထားမယ်ဆိုရင် ကျောက်ကပ်ထိခိုက်တာ၊ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဆိုတော့ ဆီးလမ်းကြောင်းပိုးဝင်တာဟာ

– ဘယ်လိုလူတွေမှာ အဖြစ်များလဲ

– ပိုးဝင်ခြင်းလက္ခဏာတွေက ဘာတွေလဲ

– ပိုးမဝင်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ

– ပိုးဝင်သွားလိုရှိရင် ဘယ်လိုမျိုးကုသရမလဲ

– မကုသဘဲထားရင် ဘယ်လောက်ထိဆိုးရွားနိုင်လဲ – စတာတွေအပါအဝင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာ သိကောင်းစရာတွေကို ဒေါက်တာ အောင်မြတ်ကျော်က ပြောပြထားပါတယ်။

အခုရုပ်သံမှာ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ပတ်သက်လို ဒေသခံပြည်သူတွေရဲ့ သိရှိနားလည်မှုတွေကိုလည်း မေးမြန်းထားပြီးတော့ ကျောက်ဖြူမြိုရဲ့ သဘာဝအလှတွေကိုလည်း တင်ဆက်ပေးထားပါတယ်။

⬛ ပရိသတ်များသို ပန်ကြားချက်

DMG ပရိသတ်များအားလုံး သာလီစွပါ။ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ရုပ်သံအစီအစဉ်တွေကို DMG က ထုတ်လွှင့်တင်ဆက်နေတာပါ။

ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း လေ့လာဆန်းစစ်လျက်ရှိပါတယ်။ ဒါကလည်း ဆက်လက်ထုတ်ဝေမယ့် ပညာပေးအစီအစဉ်တွေမှာ ပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုတွေ ဖြစ်လာစေဖိုအတွက် ရည်ရွယ်ပါတယ်။

ဒါကြောင့် ပရိတ်သတ်တွေအနေနဲ့လည်း အချိန် (၃) မိနစ်ခန့်ပေးပြီး အောက်မှာပေးထားတဲ့ လင့်ခ်ကနေတစ်ဆင့် လေ့လာဆန်းစစ်ချက်မှာ ပါဝင်ပေးကြဖို အထူးပန်ကြားအပ်ပါတယ်။

https://www.facebook.com/watch/?v=609910078025206

Leave a Reply

Your email address will not be published.