လီဖိအားနည်းရပ်ဝန်း အဟိန်ကြောင့် ရက္ခိုင်မာ မိုးကြီးနိုင်

By Arakan Princess Media / 2023 September    29

ဘင်္ဂလားပင်လယ်အော်အရှိမြောက်ပိုင်းနန့် ယင်းနန့်ဆက်စပ်နီရေ ဘင်္ဂလားပင်လယ်အော် အရှိအလယ်ပိုင်းရို့မာ ဖြစ်ပေါ်နီရေ လီဖိအားနည်းရပ်ဝန်း(Low Pressure Area) အဟိန်ကြောင့် ရက္ခိုင်မာ ဒေသအလိုက် နီရာကွက်လို့ မိုးကြီးနိုင်ကြောင်း မိုးလီဝသနန့် ဇေလဗေဒညွန်ကြားမှုဦးစီးဌာနက ဒေနိ(စပ်တမ်ဘာ ၂၉ရက်နိ) မွန်းလွဲ ၂ နာရီ အချိန်ထုတ်ပြန်ပါရေ။

ထုတ်ပြန်ချက်အရ “ဘင်္ဂလားပင်လယ်အောင်အရှိမြောက်ပိုင်းနန့် ယင်းနန့်ဆက်နီရေ ဘင်္ဂလားပင်လယ်အောက် အရှိအလယ်ပိုင်းရို့မာ ဖြစ်ပေါ်နီရေ လီဖိအားနည်းရပ်ဝန်း(Low Pressure Area)စွာ အနောက်မြောက်ဖက်သို့ ရွိလားနိုင်ပြီးကေ ပိုလို့အားကောင်းလာနိုင်ပနာ ၂ ရက်အတွင်း အားကောင်းရေ လီဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်နန့် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်း ကမ်းခြီနန့် ယင်းနန့် ဆက် စပ်တေ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြီရို့ကို ရောက်ဟိနိုင်ရေ” လို့ ဖော်ပြထားပါရေ။

ယင်းလီဖိအားနည်းရပ်ဝန်းအဟိန်ကြောင့် ရက္ခိုင်ပြည်၊ ကရင်ပြည်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ဧရာဝတီနန့် တနင်္သာရီ ရို့မာ ဒေသအလိုက် နီရာကွက်လို့ မိုးကြီးနိုင်ရေလို့ ဆိုပါရေ။

ရက္ခိုင်ကမ်းရိုးတန်း တလျှောက်နန့်ကမ်းလွန်ပင်လယ်ပြင်ရို့မာလည်း မိုးသက်လီ ပြင်းကျရောက်နိုင်ပြီးကေ လှိုင်းကြီးဖို့လို့ ဆိုပါရေ။

မိုးသက်လီပြင်းကျချိန် ရီပြင်/မြီပြင်လီစွာ တနာရီမာ ၃၅ မိုင်က မိုင် ၄၀ အထိ တိုက်ခတ်နိုင်ရေပိုင် လှိုင်းအမြင့်မာလည်း ၈ ပေက ၁၁ ပေလောက်ဟိနိုင်ကြောင်း သိရပါရေ။

ယင်းနည်းတူ အဆိုပါလီဖိအားနည်းရပ်ဝန်းအဟိန်ကြောင့် လီပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရီကြီးခြင်းနန့်အတူ မြီပြိုခြင်းတိ ဖြစ်ပေါ်နိုင်လာရေအတွက် ကုန်မြင့်ဒေသအနားမာ နီထိုင်လူတိအနီနန့် မြီပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းတလျှောက်နန့် မြစ်ချေ၊ချောင်းချေတိအနားမာနီရေလူတိအနီနန့်လည်း ရီကြီးမှုတိဖြစ်ပေါ်နိုင်လို့ သတိပြုနီထိုင်ကတ်ဖို့နန့် ကမ်းလွန်ပင်လယ်ပြင်ဟိ ကမ်းနီး၊ကမ်းဝီးငါးဖမ်းဘုတ်တိနန့် သင်္ဘောတိလည်း ကြိုတင်သတိပြု လိုက်နာဆောင်ရွက်နိုင်ဖို့ မိုး/ဇလက အသိပီးနှိုးဆော်ထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/340243175067310

Leave a Reply

Your email address will not be published.