By Arakan Princess Media / 2023 September 11

မြောက်ဦးမြို့၊ လက်ကောက်စျီး စစ်ဖီးယှောင်စခန်းက စစ်ဖီးယှောင်တိ လက်ဟိ အခက်အခဲပေါင်းစုံနန့် ကြုံတွိနီကတ်ရရေလို့ သိရပါရေ။
ယင်းစစ်ဖီးယှောင်စခန်းသို့ အရေးပေါ်အကူအညီတိ လာရောက်ပီးအပ်မှု မဟိသလောက်နည်းပါးနီပိုင် အဓိကအားဖြင့် ဆန်မရစွာလည်း လက်ဟိ ၁ နှစ်နီးပါး ကြာနီယာလို့ စစ်ဖီးယှောင်တိက ပြောပါရေ။
ယင်းကြောင့် ဆန်အပါအဝင် စားနက်ရိက္ခာအခက်အခဲရင်ဆိုင်နီရလို့ စစ်ဖီးယှောင်အများစု မြောက်ဦးမြို့ထဲမှာ ကြုံရာကျဘမ်းအလုပ်တိကို ဝင်လုပ်ပနာ စားဝတ်နီရီးအတွက် ရုန်းကန်နီကတ်ရစွာပါ။
ကေကေလေ့ အလုပ်အကိုင်ယှားပါးမှု၊ ကုန်ဈီးနှုန်းအဆမတန်ထိုးတက်နီမှုတိကြောင့် စစ်ဖီးယှောင်တိမာ တရက်ဝင်ငွေနန့်တရက်စားစရိတ် မလုံလောက်ဘဲ အခက်အခဲပေါင်းစုံနန့် ရင်ဆိုင်နီကတ်ရရေလို့ ဆိုပါရေ။
ယင်းအပြင် စခန်းက မသန်စွမ်းသူတိနန့် သက်ကြီးပိုင်းအရွယ်တိလည်း ကျန်းမာရီးစောင့်ယှောက်မှု လုံးဝမရဖြစ်နီကတ်တေပိုင် နီမကောင်းလို့ ဆီးခန်းပြဖို့လည်း ငွေကြေးမတတ်နိုင်လို့ အခက်ကြုံနီကတ်ရပါရေ။
လက်ကောက်စျီး စစ်ဖီးယှောင်စခန်းမာ အိမ်ထောင်စု ၁၅၉ စုနန့် လူဦးရေ ၆၃၀ ယောက် ခိုလှုံလျက်ဟိကြောင်း သိဟိရပါရေ။
https://www.facebook.com/arakanprincessmedia1/posts/330665726025055