By Border News Agency / 2023 September 10

ရခိုင်မှာ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ကူညီထောက်ပံ့ဖို့ခွင့်ပြုချက်ရပြီဖြစ်ပေမယ့် လူသားချင်းစာနာမှုဆိုင် ရာလိုအပ်ချက်တွေကတော့ မြင့်မားနေဆဲဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင် ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်က မုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့လိုတဲ့ ကုလသမဂ္ဂအပါအ၀င်ပြည်တွင်း၊ပြည်ပကူညီရေးအဖွဲ့တွေကို သွား လာကူညီခွင့်ကယ်ဆယ်ရေးပစ္စည်း သယ်ယူဖြန်ဝေခွင့်တွေ လွန်ခဲ့တဲ့သုံးလကျော်ကတည်းက ကန့်သတ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပိတ်ပင်ကန့်သတ်ထားရာကနေ UNOCHA ရဲ့အကြီးအကဲ Martin Griffiths မြန်မာနိုင်ငံသို့ရောက် လာပြီးနောက် ခွင့်ပြုချက်ပြန်ရလာခဲ့တာဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းတချို့ဖြန့်ဝေထားပြီးလို့ ဆိုပါတယ်။
“ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များလျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်ပါသည်။”လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မိုခါမုန်တိုင်းမုန်တိုင်း တုန့်ပြန်ကူညီရေးအပါအ၀င် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ကူညီရေးအစီအ စဉ်တို့အတွက် ရန်ပုံငွေလိုအပ်ချက်ဟာလည်း များစွာ ရှိနေသေးပြီး လက်ရှိမှာလိုအပ်ချက်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းသာ ရသေးတယ်လို့ UNOCHA က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ကကူညီကယ်ဆ ယ်ရေးလမ်းကြောင်းတွေ ဖွင့်ပေးထားပေမယ့်နေရပ်စွန့်ခွာရသူ တွေတိုးလာပြီး ဘေးဒဏ်သင့်ရပ်ရွာဒေ သခံတွေများစွာရှိနေတဲ့ နိုင်ငံအရှေ့ တောင်ပိုင်းနဲကချင်မှာတော့ ကူညီခွင့်ကန့်သတ်ချက်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။
မိုခါကြောင့် လူဦးရေတစ်သန်းခွဲကျော်၊နေအိမ် သုံးသိန်းနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ ရခိုင်မှာ ခုချိန်ထိ အ မိုးအကာအောက်ပင်မရောက်နိုင်ကြသူတွေ များစွာရှိနေသေးသလို စားနပ်ရိက္ခာအကြပ်အတည်းနဲ့လည်း ကြုံနေကြရတယ်လို့ အ ရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။
“နိုင်ငံတကာကို လွတ်လွတ်လပ်လပ်ခွင့်ပြုပြီး ကူညီခွင့်ပေးဖို့ လိုပါတယ်။အစိုးရဘက်ကလည်း အင်နဲ့အားနဲ့ ကူညီပေးမှ ရပါမယ်။”လို့ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်း၊ပြည်ပကူ ညီရေးအဖွဲ့တွေအားလုံးကို ခရီးသွားလာခွင့်တွေ ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကတည်းက အမိန့်စာထု တ်၊တားမြစ်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှာတော့ ခွင့်ပြုချက်ရပြီးသား အဖွဲ့တချို့ကို ပြန်ခွင့်ပြုခဲ့ပေမယ့် အဖွဲ့အားလုံး မပါ၀င်ခဲ့ပါဘူး။
စစ်ကောင်စီဟာ ကူညီရေးအဖွဲ့တွေကို အဲဒီလို ကန့် သတ်၊ပိတ်ပင်တာလုပ်သလို သူတို့ကိုယ်တိုင်လည်း ထိရောက်တဲ့ အကူအညီတွေမပေးဘူးလို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။
“အစိုးရဆီက အကူအညီက ဘာမှမရဘူး ပြောလို့ရတယ်။ သူ့တို့ဆီကဟာကို မျှော်ရင် ငတ်သေနေတာ ကြာပြီ။ အိမ်တွေလည်း ကိုယ့်ဟာကိုယ် ချေးငှားပြီး ဆောက်ထားကြရတာ။”လို့ မြောက်ဦးမြို့နယ်မှ မုန် တိုင်းသင့် စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
ရခိုင်မှာ မိုခါအလွန် ကူညီကယ်ဆယ်ရေးအတွက် စစ်ကောင်စီက ကျပ် ၇ ဘီလီယံသာ ချထားပေးတ ယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကောင်စီရရှိထားတဲ့ ပြည်တွင်းအကူ အညီဟာလည်း အမေရိကန်ဒေါ်လာ ၁၉ သန်း ( ကျပ် ၅၄ ဘီလီယံ)၀န်းကျင်သာ ရှိအုံးမယ်လို့ ISP Myanmar က ဆိုထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေကို ကူညီမှုတွေ ရှိနေပြီး ထောက်ပံ့ပေးထားတဲ့ ငွေပမာဏ ဘယ်လောက်ကူညီထားတယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်မထားပါဘူး။
ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံတကာရော က် ကူညီရေးအဖွဲ့တွေဆီက ရထားတဲ့ အလှူငွေပမာ ဏကတော့ ကျပ်တစ်ဘီလီယံကျော်ရှိတာကို AA က ထုတ်ပြန်တဲ့ကျေးဇူးတင်လွှာတွေမှာ တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီနဲ့ AA တို့ရဲ့ မိုခါအတွက် အ သုံးပြုမယ့် ငွေပမာဏဟာ ကျပ်ဘီလီယံ ၆၀ ကျော်သာ ရှိအုံးမှာ ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုပမာဏ ဘီလီယံ ၅၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း၀န်းကျင်သာရှိသေးတာ တွေ့ရပါတယ်။
UNOCHA ကလည်း ခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူဦး ရေ ၁ ဒသမ ၆ သန်းကျော်ကို ကူညီဖို့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်း(ကျပ်ဘီလီယံ ၁၀၀၀ ၀န်းကျင်) တောင်းခံထားပြီး လက်ရှိမှာ ၂၄ ဒသမ ၂ သန်းပဲ ရထားသေးတယ်လို့ ဇွန်လကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်သူတွေဟာ မိုခါမုန်တိုင်းသင့်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ရေကြီးမှုဒဏ်ကိုပါ ခံခဲ့ကြရတာမို့ စား နပ်ရိက္ခာ၊အမိုးအကာ၊ဆေးဝါး၊သောက်သုံးရေစတဲ့အ ရေးပေါ်အကူအညီတွေ များစွာလိုအပ်နေတယ်လို့ AA က ဆိုထားပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေ၊အိမ်နီးနား ချင်းနိုင်ငံတွေ၊အာဆီယံနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အမြန်ဆုံးကူညီပေးကြဖို့ AAက ထုတ်ပြန်ချက်ထုတ်ပြီး အကူအညီတောင်းခံထားပါတယ်။
https://www.facebook.com/bordernewsagency/posts/324684940079677