ရခိုင်မှာ စစ်ကောင်စီရေတပ် စစ်ရေးလေ့ကျင့်နေတာဟာ နိုင်ငံတကာထက် ကိုယ်ပြည်တွင်းကိုသာ အင်အားပြနေလို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း (ရုပ်/သံ)

By Narinjara / 2023 September     27

အခုတလော ရက်ပိုင်းတွေ အတွင်းမှာ စစ်ကောင်စီက ရခိုင်ပြည်နယ် အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတွေ၊ စစ်လက်နက် ရိက္ခာဖြည့်တင်းမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာနေတာကို တွေ့ရပါတယ်။

တည်ငြိမ်မှု ရရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီအနေနဲ့ ရရှိနေတဲ့ ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ရမယ့်အစား ခုလိုမျိုး စစ်ရေးလေ့ကျင့်တာ၊ စစ်လက်နက်အင်အားဖြည့်တင်းမှုလုပ်နေတာတွေဟာ နောက်ကွယ်မှာ မရိုးသားတဲ့ အကြံအစည်တွေနဲ့ လုပ်နေပုံရတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်နေပါတယ်။

https://www.facebook.com/watch/?v=662241032671320

Leave a Reply

Your email address will not be published.