By Border News Agency / 2023 September 14

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)နဲ့ဆက်စပ်တယ်လို့အကြောင်းပြပြီးအပြစ်မဲ့ရခိုင်ပြည်သူတွေကို ထောင်ဒဏ်ချမှတ်တာတွေပြု လုပ်နေတယ်လို့ မိသားစုဝင်တွေနဲ့တရားရေးအသိုင်း အဝိုင်းက ဆိုကြပါတယ်။
အဲဒီလိုထောင်ဒဏ်ချမှတ်ခံရသူတွေထဲအမ်းမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှု၁၇(၁)နဲ့ တရားစွဲခံထားရသူတစ်ဦးကို စက်တင်ဘာလ ၁၃ ရက်၊မနေ့ကအမ်းမြို့နယ်တရားရုံးက ထောင်ဒဏ်၂ နှစ်ချမှတ်လိုက်ပါတယ်။
သူဟာ လုံးကောက်ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးဟောင်းဦးအောင်တင်မြင့်ဖြစ်ပြီး အမ်းမြိုနယ်တ ရားရုံးမှာ ရာဇဝတ်ကြီးအမှုအမှတ် ၂၂၉ / ၂၀၂၂ ခုနှစ်ဖြစ်ကာ စစ်ကောင်စီရဲဗိုလ်ကြီးရာဇာထွန်းက တ ရားလိုပြုလုပ်အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
”ရခိုင်မှာ အပစ်ရပ်ထားပေမယ့်ဖမ်းဆီး ထောင်ချမှုတွေပြုလုပ်လာတာပါ။ဒါဟာ အပစ်ရပ်သဘောတူညီမှုကို ပေါ်တင်ချိုးဖောက်လိုက်တာဖြစ်ပါတယ်။
နောက်အမှုတွေကိုလည်း ထောင်ဒဏ်တွေလာချနိုင်ပါတယ်။”လို့ တရားသူ ကြီးတစ်ဦးက ပြောပါတယ်။
အဲဒီအပြင်စစ်တွေမြို့နယ်က အပြစ်မဲ့အရပ်သားနှစ်ဦးကိုလည်းစက်တင်ဘာလ ၁၁ ရက်နေ့ကစစ်တွေမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။
အဲဒီစစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်မှဦးဘသိန်းနဲ့စစ်တွေမြို့နယ်၊သက္ကေပြင် မူဆလင်ကျေးရွာမှ မောင်မောင်ခင်တို့ကို ရက္ခိုင့်တပ်တော်(AA)နဲ့ဆက် စပ်တယ်လို့အကြောင်းပြပြီးခုလိုထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။
”သူတို့က သာမန်ပြည်သူတွေပါပဲ။အေအေကမ ဟုတ်သလိုအေအေနဲ့ဆက်စပ်သူတွေမဟုတ်ပါဘူး။ဒါကရခိုင်ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချနေတာပါ။ဒါဟာမတရားဖိနှိမ်မှုပါပဲ။ဒါကစစ်ကောင် စီက စစ်ပွဲကိုဖိတ်နေတာပါ။”လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)အာဏာသိမ်းစစ်တပ်ကတို့ကြား ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၆ ရက်နေ့ကနှစ်ဘ က်အပစ်ရပ်ခဲ့ကြချိန်မှာ မတရားဖမ်းဆီးအမှုဖွင့်တ ရားစွဲထောင်ဒဏ်ချမှတ်ခံထားရသူတွေကို ပြန်လွှ တ်ပေးရမယ့်ကတိပါဝင်တယ်လို့ ရက္ခိုင့်တပ်တော် (AA)က ဆိုပါတယ်။
ဒါပေမယ့်အာဏာသိမ်းစစ်တပ်ဟာ အပစ်ရပ်ကတိကိုချိုးဖောက်ပြီးနောက်ထပ်ဖမ်းဆီးအမှုဖွင့်တရား စွဲဆိုတာတွေ၊ဖမ်းဆီးအမှုဖွင့်တရားစွဲမယ်လို့ခြိမ်း ခြောက်ပြောဆိုတာတွေပြုလုပ်နေတယ်လို့ ရခိုင်လွှ တ်တော်အမတ်ဟောင်းတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ဆက်စပ်တယ်ဆိုပြီးအပြစ်မဲ့ရခိုင်ပြည်သူသုံးရာနီးပါးကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးအမှုဖွင့်တရားစွဲထောင်ဒ
ဏ်တွေချမှတ်ထားတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေသူတွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-ပြီးခဲ့တဲ့တကျော့ပြန်ရခိုင်တိုက်ပွဲကာလစစ်တွေမြို့ရှိအမှတ် ၁ ရဲစခ န်းသို့အရပ်သားတချို့ကိုဖ မ်းဆီးခေါ်ဆောင်လာပုံ/လူမှုကွန်ရက်)
https://www.facebook.com/bordernewsagency/posts/326801313201373