By Border News Agency / 2023 September 2
ရက္ခိုင့်တပ်တော်(AA)ရဲ့အုပ်ချုပ်ရေးယန္တရားတွေ အားကောင်းလာတာနဲ့အမျှ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ စစ်ကောင်စီဟာ မွတ်ဆလင်တွေကို လက် နက်တပ်ဆင်၊စစ်သင်တန်းပေးပြီးလူမျိုးရေးပဋိပ က္ခတွေဖြစ်အောင်ကြိုးစားနေတယ်လို့ ရခိုင်လွှတ် တော်အမတ်ဟောင်းတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မောင်တောနယ်စပ်နဲ့ဘူးသီးတောင်မြို့နယ်မှာ စစ်သင်တန်းတွေပေးပြီးအဲဒီလိုဖန်းတီးနေတာလို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရကန်ရိုဟင်ဂျာတပ်မ တော်(Arakan Rohingya Army)ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ကို စစ်သင်တန်းပေးနေသလို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မ တော်လို့ခေါ်တဲ့အာဆာအဖွဲ့ကိုလည်း လက်နက်တွေ ထောက်ပံ့ပေးထားတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေက Border News Agency ကို အတည်ပြုပြောကြပါတယ်။
အဲဒီလိုစစ်သင်တန်းပေး၊လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတာဟာ တည် ငြိမ်နေတဲ့ ရခိုင်မှာ ဆူပူမှုတွေဖြစ်လာအောင်ရည်ရွယ်ပြီးနိုင်ငံရေးကစားကွ က်ဖန်တီးနေတာလို့ ဝေဖန်ထောက်ပြကြပါတယ်။
အဲဒီအပြင် ဒေသခံပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အားကိုးယုံ ကြည်လာအောင်လည်း ရည်ရွယ်ပုံရတယ်လို့ ရခိုင်လွတ်တော်အမတ်တွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီအတွက် နိုင် ငံတကာဖိအားတွေလျော့စေမယ့်ရိုဟင်ဂျာပြန်လည်လက်ခံရေးပြု လုပ်မယ့်နေ ရာအများစုဟာရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်နယ်မြေတွေဖြစ်သွားတာမို့စစ်ကောင်စီက မွတ်ဆလင်လက်နက် ကိုင်အဖွဲ့တွေကို အသုံးချပြီးပဋိပက္ခတွေဖန်တီးနေတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂၊၂၀၁၇ တု န်းကလည်း ပဋိပက္ခတွေဖြစ်လာအော င်၊ဒေသတွင်းတည်ငြိမ်မှုတွေပျက်ပြားအောင်ဖန်တီးခဲ့ပြီးခုတစ်ကြိမ်လည်း အဲ ဒီအကွက်ကိုပဲ ပြန်သုံးဖို့ကြိုးစားလာတာလို့ ထောက်ပြကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရကန်ရိုဟင်ဂျာတပ်မတော် (Arakan Rohingya Army)ဆိုတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ကို မောင်တောမြို့နယ်မြောက်ပို င်း၊ကျီးကျွန်းမှာ သင်တန်းပေးနေတယ်လို့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီပုဇွန်တာတွေကို စစ်ကောင်စီကလု ပ်ကိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ သတ င်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ကောင်စီရဲ့တပ်ရင်း၊တပ်စခန်းတွေအနီးနဲ့မယူတောင်တန်းမှာလည်း မွတ်ဆလင်လက် နက်ကိုင်တွေကို စစ်ကောင်စီတပ်က ကူညီပေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်မှာ နှစ်ဘက်နားလည်မှုနဲ့အပစ်ရပ်ထားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီအနေနဲ့ ခုလိုမျိုးဆူပူမှုတွေ ဖြစ်လာအောင် မလုပ်သင့်ဘူးလို့လည်း ရခိုင် ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲမှာ မောင်တောမြို့နယ်မြော က်ပိုင်းက စစ်ကော င်စီတပ်စခန်း၊အထိုင်းစခန်းတွေကို ရက္ခိုင့်တပ်တော်(AA)ကတိုက်ခိုက်သိမ်း ပိုက်ခဲ့သလိုလက်ရှိမှာလည်း ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။