ရခိုင်စစ်ရှောင်စခန်းတွေမှာ ယားနာပေါက်သူနဲ့ ဖျားနာသူတွေ အများအပြား ရှိနေ

By Border News Agency / 2023 September   26

ရခိုင်က စစ်ဘေးရှောင်စခန်းတွေမှာ ခြင်ပေါများတာ၊ ရေမသန့်တာတွေကြောင့် ဖျားနာသူတွေနဲ့ ယားနာပေါက်တာတွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ လူဦးရေထူထပ်တာ၊ ရေမသန့်တာ၊ ခြင်ကိုက်တာ တွေကြောင့် အခုလို ဖျားနာတာ၊ ယားနာ ပေါက်တာတွေ ဖြစ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ယားနာက လူတိုင်းလိုလို ဖြစ်ကြတယ်။ ခန္ဓာကိုယ်တွေ ယားတယ်၊ အဖုတွေပေါ်တယ်။ အနီစက်တွေ အကွက် အကွက်ပေါ်တယ်။ ဖျားတဲ့သူတွေလည်း ရှိတယ်။ မုန်တိုင်းပြီးခါစကဆိုရင် အများကြီး ဖျားကြတယ်။”လို့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့ မြတန်ဆောင်းစစ်ရှောင်စခန်းက ဆရာတော်က မိန့်ပါတယ်။

ဒါ့အပြင် ပုဏ္ဏာကျွန်းမြို့နယ် ဂဏန်းတောင်(ဘူတာ)စစ်ရှောင်စခန်း၊ ယိုးတရုတ်စခန်း၊ မြောက်ဦးမြို့နယ် တိမ်ညို စစ်ရှောင်စခန်းတို့မှာလည်း အဲဒီလို ယားနာ ပေါက်သူတွေနဲ့ ဖျားနာသူတွေ ရှိနေကြတယ်လို့ ပြောကြပါတယ်။

အခုဖြစ်ပွားနေတဲ့ ရောဂါဟာ ကူးစက် ပျံ့နှံ့တတ်တာကြောင့် အချိန်မှီဆေးဝါးကုသဖို့လိုအပ်တယ်လို့ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

“ခြင်ကြောင့် ဖျားသလို ရာသီနဲ့လိုက်ပြီးတော့လည်း ဖျားကြတာရှိတယ်။ ယားနာတွေကတော့ ရေမသန့်လို့ ဖြစ် မယ်၊ ပြီးရင် ယားနာဆိုတာက ကူးစက်တတ်၊ ပျံ့နှံ့တတ်တော့ ဆေးကုသမှုခံယူဖို့လိုပါတယ်။ မဟုတ်ရင် ပိုပေါလာ တတ်ပါတယ်။”လို့ ပြောပါတယ်။

ဒါပေမယ့် ရခိုင်ကစစ်ရှောင်စခန်းအများစုဟာ ဆေးကုသမှုခံယူဖို့ ငွေကြေးအခက်အခဲတွေရှိတာကြောင့် ဆေးကုသတာတွေ မလုပ်နိုင်ကြဘူးလို့ဂဏန်းတောင်(ဘူတာ)စစ်ဘေးရှောင် စခန်းတာဝန်ခံ တစ်ဦးဆိုပါတယ်။

“ယိုးတရုတ်ဆေးခန်းမှာ သွားပြရတယ်။ ဆေးတွေဝယ်ရတယ်။ ပိုက်ဆံမရှိတဲ့သူတွေကတော့ မကုဘဲ စခန်းမှာပဲ ဖြစ်သလို နေနေကြရတယ်။ အခု ယားနာပေါက်တဲ့သူတွေ အများကြီးရှိနေတယ်။”လို့ ပြောပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းမှာ ရေကြီးရေလျှံဖြစ်ပွားတာ၊ရေကန်တွေ ပျက်စီးတာ၊ ရေမြောင်းတွေပိတ်သွားတာတွေကြောင့် ခြင်တွေ အခုလိုအဆမ တန်ပေါလာ ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

 ဒါ့အပြင်ခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတွေက အိမ်သာတွေ၊ နေအိမ်တွေကို အခုအချိန်ထိပြန်မပြင်နိုင်သေးတာကြောင့်  လယ်ကွင်း နဲ့ တောစပ်တွေမှာ ဖြစ်သအိမ်သာသွားနေရတာကိုလယ်လို သွားနေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

https://www.facebook.com/bordernewsagency/posts/333999082481596

Leave a Reply

Your email address will not be published.