By Border News Agency / 2023 September 24

ရခိုင်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာခရီးသွားအမျိုးသမီးတွေကို ထိပါးနှောက်ယှက်တာခံနေကြရတယ်လို့ဆိုကြပါတယ်။
ရသေ့တောင်မြို့နဲ့ပုဏ္ဏားကျွန်းမြို့လမ်းပိုင်းအတွင်းက သာစည်ရွာသစ် နဲ့ သာစည်ရွာဟောင်းကျေးရွာနှစ်ရွာကြားမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားအမျိုးသမီးငယ်တွေအပေါ် ထိပါးစော်ကားတဲ့ စကားတွေပြောဆိုမှုရှိနေတာကြောင့် သွားလာရေးအခက်တွေ့နေကြရတယ်လို့ဆိုပါတယ်။
” ညီမတို့ သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်နဲ့ ပိုးရွှီပြင်ကိုသွားတာအဲ့ဒါကို အဲဒီဂိတ်က တားပြီး ချစ်စကား ကြိုက်စကားတွေဝိုင်းပြောကြတယ်။ဝိုင်းလှောင်ကြတယ်။ ဘာမှတော့မစစ်ဆေးဘူး။”လို့ ပိုးရွှီပြင်ဆည်ကိုသွားတဲ့ ပုဏ္ဏားကျွန်းမြို့ဒေသခံ အမျိုးသမီးငယ်တစ်ဦးက BNA ကိုပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်တွေ မှာ အရင်တုန်းကတည်းကပင် စစ်ဆေးဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် အခုလို တင်းကြပ်စွာစစ်ဆေးတာ၊အမျိုးသမီးတွေ အပေါ် ထိပါးနှောက်ယှက်တာ၊ ဆဲဆိုတာ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့ က ပေါက်တောပြင်သို့ခရီးသယ်တင်ပြေးဆွဲနေတဲ့ပုဏ္ဏားကျွန်းမြို့ဒေသခံအိန္ဒိယသုံးဘီးဆိုင်ကယ်သမားတစ်ဦးက” ခါတိုင်းဆို အိန္ဒိယသုံးဘီးတွေကို မစစ်ပဲလွတ်ပေးနေကျပါ။အဲ့ဒီနေ့ကလည်း မစစ်ဘူးထင်လို့ မောင်းတာ။ သေနတ်တွေထမ်းလာပြီး အော်ငေါက်ပါတယ်။” လို့ ပြောပါတယ်။
အဲဒီလို ထိပါးနှောက်ယှက်ခံနေရသူတွေထဲမှာ ပညာရေးဝန်ထမ်းအမျိုးသမီးတွေနဲ့ အခြား ဝန်ထမ်းတွေလည်းခံနေကြရတယ်လို့ ပညာရေး အသိုင်းအဝိုင်းကပြောပါတယ်။
ကျောက်တော်မြို့နယ် ရတနာပုံကျေးရွာကို စာသင်ကြားဖို့သွားတဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ နယ်ဗီဂိတ်က ဝန်ထမ်းကဒ်ပါမှ သွားလာခွင့်ပြုမယ်လို့ဆိုကာကြမ်းကြမ်းတမ်းတမ်းဆဲဆိုတာတွေပြုလုပ်ခဲ့ တယ်လို့ ကျူးလွန်ခံခဲ့ရသူတွေကဆိုကြပါတယ်။
ရတနာပုံကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာမတစ်ဦးက” ဝန်ထမ်းကဒ်မေ့ကျန်ခဲ့ရင်တောင်မရပါဘူး။ ကြမ်းကြမ်းတမ်းတမ်းပြောပါတယ်။မထီမဲ့မြင်တွေအပြောခံရတာရှိပါတယ်။ကျောင်းဆရာမလို့ပြောတာကိုမယုံဘူးလို့ ပြောပါတယ်။”လို့ သူမကြုံတွေ့ခဲ့ရတာတွေကို ပြောပြလာတာဖြစ်ပါတယ်။
ရတနာပုံကျေးရွာ မှာ ခေါင်းတုတ်ကျေးရွာ ၊ရွှေပြည်ကျေးရွာတွေနဲ့နီးပြီး ကျောက်တော်မြို့မဈေးဖက်ကနေ ဘုတ်စီးပြီး စာသွားသင်ရတာလို့ ဆိုပါတယ်။
ရခိုင်မှာ စစ်ကောင်စီက ဂိတ်တွေအများအပြားချထားပြီး လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ယခင်ကထ က်ပိုပြီးတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်လာနေတာနဲ့ပတ်သက်ပြီးအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေက ရှုံ့ချပြောဆိုမှုတွေလည်းရှိနေပါတယ်။
https://www.facebook.com/bordernewsagency/posts/332750479273123