ရက်စက်ဖောက်ပြန်သော ဥတု၊တောင် သူဦးကြီးများဒုက္ခနှင့်ပြည်တွင်းရိက္ခာဖူလုံရေး

By Border News Agency / 2023 September   18

စပါးပင်များ အစီအရီမရှိဘဲ ဟိုတစ်ပင် သည်တစ်ပင် ကျိုးတိုးကျဲတဲသာ ပေါ က်နေသော လယ်ကွက်များကို ကန်သင်းရိုးတွေပေါ်မှ လမ်းလျှောက်၊ပတ်ကြ ည့်ရင်း ဦးမောင်သန်းတစ်ယောက် ညည်းတွားနေ၏။

“ဒီတစ်ကြိမ်နဲ့ဆို စပါးကြဲတာ သုံးကြိမ်ရှိပြီ။အခုလည်း ထပ်ကြဲရမယ်ထင်တ ယ်။မျိုးစပါးဖိုးတောင် ပြန်ရပါ့မလား”

ရာသီဥတုမမှန်၍ စပါးပင်များ အပေါ က်အရောက်နည်းရသည့်အထဲ ရေလွှမ်းမှုကပါ ထပ်ဖြစ်လာပြန်တော့ ရခိုင် ပြ ည်တွင်းမှ လယ်သမားတို့ တစ်ပူပေါ် နှ စ်ပူ၊နှစ်ပူပေါ် သုံးပူထပ်ဆင့်ကာအခက်တွေ့ကြရပြီး ဦးမောင်သန်းလည်း ထိုအထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။

“ရေမကြီးခင်က နှစ်ကြိမ် (စပါး)ကြဲထားတာ၊ရေကြီးတော့ အကုန်မြှုပ်သွားလို့ ထပ်ကြဲရတယ်။အခုလည်း သိပ်မပေါက်ဘူး။မြင်တဲ့အတိုင်းပဲ”ဟု ဦးမော င်သန်းက ဟိုတစ်ကွက်သည်တစ်ကွက်အစုလိုက်အကွက်လိုက်သာပေါက်နေသော လယ်ကွင်းများကို လက်ညှိုးညွှန်ရင်း ပြောသည်။

ရခိုင်မှာ ဩဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံဖြစ်ပြီး စပါးခင်းများ ရေလွှမ်းခဲ့သဖြင့် ဧက ၇ သောင်းကျော် ပျက်စီးခဲ့ ရသည်။

“မနှစ်က မိုးမရွာလို့ စပါးမဖြစ်ခဲ့ဘူး။ ဒီနှစ်ကျတော့ မိုးရွာပေမယ့် ရာသီဥတုက တစ်မျိုးပဲ။စပါးတွေ မပေါက်ဘူး။ ပေါက်ပြန်ရင်လည်း အဆုတ်လိုက် ကျွတ်တယ်။တော်တော်များများ ထပ်ကြဲကြရတယ်။ရာသီဥတုကတစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာပဲ။”ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ၊ ဓည၀တီတောင်သူလယ်သမား ဖွံ့ဖြိုးရေးအသင်းမှ အတွင်းရေး မှူး ဦးမောင်သိန်းလှက ယခုနှစ် လယ်သမားများ၏ အခက်အခဲကို ပြောပြသည်။

ထွန်ယက်သူမဲ့လယ်ကွင်းတွေ တိုးလာနေရခိုင်ပြည်တစ်ဝန်းလုံးတွင် စပါးစိုက် လယ်ယာမြေ ဧကပေါင်း ၁၂ သိန်းကျော်ရှိသည့်အနက် ယခုနှစ်တွင်ကိုးသိန်းဝန်းကျင်ကိုသာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်သမားအရေးဆော င်ရွက်နေသောအဖွဲ့အစည်းများက ဆို သည်။

ပြီးခဲ့သည့်နှစ်တွင်လည်း စစ်တပ်အာ ဏာသိမ်းမှုနောက်ဆက်တွဲ အဆမတန်မြင့်တက်လာသည့် လယ်ယာသုံး သွင်း အားစုစျေးနှင့် မိုးဦးကာလ ရက်ရှည်မိုးမရွာ၊မိုးခေါင်ခြင်းတို့ကြောင့် လယ်ဧကဆယ်သိန်းကျော်ကိုသာ စိုက်ပျိုးနိုင်ခဲ့ ကြသည်။

ထိုနှစ်က လယ်ဧကတစ်သိန်းကျော် ချ န်လှပ်ထားခဲ့ရပြီး ယခုနှစ်တွင်တော့ ဧ က သုံးသိန်းခန့်အထိ ချန်လှပ်ကြရသဖြင့် စပါးမစိုက်ဘဲ ထွန်သူမဲ့လယ်ယာမြေ နှစ်ဆအထိ တိုးလာခဲ့သည်ကို တွေ့ရသည်။

ထိုအထဲတွင်မှ ယခုနှစ်မိုးလယ်ကာလ ဩဂုတ်လအတွင်းက ကြုံခဲ့ရသော ရက်ရှည်ရေကြီးမှုကြောင့် ဧက ၇ သောင်းကျော် ထပ်မံပျက်စီးခဲ့ရပြန်သည်။

ယင်းအထဲမှာ ပြန်လည်ထွန်ယက်စိုက် ပျိုး၍ အဆင်မပြေတော့သည့် စပါးခင်းပေါင်း ဧက တစ်သောင်းခွဲကျော်အထိ ရှိနေပြီး ထွန်ယက်နိုင်သည့်အထဲက အများစုမှာလည်း မဖြစ်ထွန်းတော့ဟု လယ်သမားများက ပြောကြသည်။

“အချိန်က တော်တော်နှောင်းခဲ့ပြီလေ။ စပါးစိုက်ချိန်မှ မဟုတ်တော့တာ၊ဘယ် လိုဖြစ်တော့မလဲ။စပါးပင်တွေ မပေါ က်တော့ဘူး။ထပ်မကြဲဘဲ ပစ်ထားလို က်တဲ့သူတွေလည်း ပစ်ထားလိုက်ကြတော့တယ်”ဟု လေးမြို့မြစ်ရေမြင့် တ က်မှုကြောင့် ရေလွှမ်းမှုဒဏ်ခံခဲ့ရသည့် မင်းပြားမြို့နယ်၊မင်းဖူးရွာသား လယ် သမားတစ်ဦးက ပြောသည်။

လယ်ယာမြေများကို စပါးမစိုက်ဘဲ ချ န်လှပ်ထားခဲ့ကြခြင်း၏ အရင်းခံမှာ ရာ သီဥတုဖောက်ပြန်မှုကြောင့် စပါးမဖြစ် ထွန်းခြင်း၊ထွန်ယက်၊ရိတ်သိမ်းစရိတ်စျေးကြီးခြင်း၊ဓါတ်မြေဩဇာ၊ပိုးသတ် ဆေး၊ပေါင်းသတ်ဆေးစျေးကြီးခြင်း၊ အလုပ်သမားရှားပါးခြင်း၊ပေါင်းနုတ်၊ ကောက်စိုက်ခမြင့်လာခြင်းတို့နှင့် ယင်းတို့၏အကျိုးဆက် အမြတ်နည်း၊အရှုံး ပေါ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု လယ်သ မားများက ပြောပြကြသည်။

ယခုနှစ်တွင်တော့ မိုးဦးမတိုင်မီ ရခိုင်ပြည်တွင်း ဝင်ရောက်မွှေနှောက်ခဲ့သည့် မိုခါကြောင့်လည်း လယ်ယာမြေများ ချန်လှပ်ခဲ့ကြရသည်။

မိုခါကြောင့် မျိုးစပါးများ ပျက်စီးခဲ့ရ၊ အိုး၊အိမ်၊ကျွဲ၊နွားများပါ ပျက်စီး၊ဆုံးရှုံးခဲ့ရသည်မို့ လယ်ယာလုပ်ငန်းအတွက် သုံးစွဲဖို့ စုထားဆောင်းထားသည်များကို ထုတ်သုံးလိုက်ကြရ၏။

“မျိုးစပါးတွေ ပျက်သွားတယ်။မြေဆီ ၀ယ်ဖို့၊ ဒီဇယ်ဆီဝယ်ဖို့ ထားထားတဲ့ ပို က်ဆံတွေ သုံးလိုက်ကြရတယ်လေ။ပြီး တော့ မုန်တိုင်းနဲ့ ဆားငံရေတက်သွားတော့ ချက်ချင်းထွန်လို့မရဘူး။အဲဒါတွေကြောင့်လည်း လယ်တွေ အကုန်မ ထွန်ကြတော့ဘူး။ကျွန်တော့်မှာလည်း ချန်ထားခဲ့လိုက်ရတယ်။”လို့ မင်းပြားမြို့နယ်မှ လယ်သမားဦးကျော်သောင်း က ပြောသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကြုံကြရသည့် အခြေခံစားဝတ်နေရေးအကြပ်အတည်းကြောင့် ပြည်ပနိုင်ငံ များသို့ ထွက်ခွာအလုပ်လုပ်သူ တိုးလာခြင်းကလည်း လယ်ယာလုပ်ငန်းလုပ် ကိုင်သူ လျော့နည်းစေကာ ထွန်သူမဲ့ လယ်ယာ မြေကွက်လပ်များ တိုးလာရကြောင့် လယ်သမားအရေးဆောင်ရွက်သူတို့က ပြောကြသည်။

ရိက္ခာရှားပါးကာ ပြည်တွင်းရိက္ခာဖူလုံမှုကို ထိခိုက်လာနိုင်ယခုနှစ်မိုးရာသီတွင် ရခိုင်ပြည်အတွင်း စပါးစိုက်ဧက လျော့ကျသွားခဲ့သည့်အ ပြင် စိုက်ပျိုးထားသော စပါးခင်းများမှာလည်း သွင်းအားစုတွေ လိုအပ်သ လောက် မသွင်းနိုင်သဖြင့် အထွက်နှုန်းများ ကျဆင်းနိုင်ကြောင်း လယ်သမားများက ခန့်မှန်းကြသည်။

“နဂိုကတည်းက အကုန်စျေးတက်နေတာမှာ မိုခါဝင်လိုက်တော့ မြေဆီလည်း မကြဲနိုင်တော့ဘူး။”ဟု ပုဏ္ဏားကျွန်းမြို့ နယ်၊တန်းစွယ်ရွာမှ လယ်သမား ဦးစံထွန်းကျော်က ပြောသည်။

ယင်းအပြင် ရာသီဥတုကြောင့် စပါးပင်များ အပေါက်အရောက်နည်းသဖြင့် ကောက်စိုက်ဖို့လိုအပ်သော်လည်း ငွေ ကြေးအခက်အခဲကြောင့် ကောက်မစို က်နိုင်သူလည်း အများစုရှိနေကြသည်။

“ကောက်မစိုက်ရင် စပါးအထွက် လျော့မှာသိပေမယ့် စိုက်လိုက်ပြန်ရင်လည်း အရင်းရဖို့ မသေချာဘူးလေ။”ဟု ပေါ က်တောမြို့နယ်မှ လယ်သမား ဦးအော င်ဌေးက ပြောသည်။

လွန်ခဲ့သည့်နှစ်တွင် ရခိုင်ပြည်အတွင်း စပါးအထွက်နှုန်းမှာ ယခင်နှစ်တွေကထက် သုံးပုံတစ်ပုံခန့်အထိ လျော့ကျသွားခဲ့ပြီး တင်းသန်းပေါင်း ၄၀၀ ဝန်း ကျင်သာ ထွက်ရှိခဲ့ကြောင်း ရခိုင်ပြည် နယ်လုံးဆိုင်ရာတောင်သူလယ်သမား များသမဂ္ဂက ပြောဆိုထားသည်။

ရခိုင်ပြည်အဝှမ်း နှစ်စဉ်တင်းသန်းပေါ င်း ၆၀၀ ဝန်းကျင်ထွက်ရှိနေခဲ့ရာမှ လွန် ခဲ့သောနှစ်တွင် မိုးဦးကာလ မိုးခေါင်ခြ င်း၊ မိုးနှောင်းကာလ မုန်တိုင်းဝင်ရောက်ခဲ့ခြင်းတို့ကြောင့် ယင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်၏။

မိုးနှောင်းရာသီ စပါးဖူးချိန် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ရခိုင်ပြည်မြောက်ပိုင်းမှ စိုက်ပျိုးဖြစ်ထွန်းပြီးသား စပါးခင်းပေါင်း ဧကတစ်သိန်းခွဲဝန်းကျင် ပျက်စီးခဲ့ရကြောင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားများသမ ဂ္ဂက ဆိုခဲ့သည်။

ယခုနှစ်တွင်လည်း မိုးနှောင်းရာသီ မုန် တိုင်းဝင်အုံးမည်ဆိုလျှင်တော့ ယခင်နှစ်ကကဲ့သို့ အထွက်နှုန်း ထိုးကျနိုင် ကြောင်း လယ်သမားများက ခန့်မှန်းပြောဆိုကြသည်။

“စပါးသီးချိန်၊ အဖူးဖူးချိန် မိုးကြီးရင် မုန်တိုင်းဝင်ရင်တော့ နှံဖြူထောင်ပြီး အကုန်ပျက်စီးတာပဲ။မုန်တိုင်းတွေ မဝင် ခဲ့ရင်တော့ ဒီနှစ်အထွက်နှုန်းသိပ်လျော့မှာမဟုတ်ဘူး”ဟု ကျောက်တော်မြို့န ယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ၊ ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလ ယ်သမားများသမဂ္ဂမှ ဦးအောင်ကျော်မြက ပြောသည်။

သို့သော် မိုးနှောင်းရာသီ မည်သို့ဖြစ် လာမည်မသိ၊လယ်သမားများမှာ ရင်တစ်ထိတ်ထိတ်ဖြင့်သာ စောင့်နေကြရသ သည်။

“စပါးသုံးကြိမ်ထပ်ကြဲပြီး လုပ်ထားတာ မပေါက်လို့ အခု ကောက်စိုက်နေတယ်။ မိုးကုန်ပိုင်း မုန်တိုင်းဝင်ရင်တော့အကုန်သွားပြီ။အရင်းလည်းမရ၊အဖျားလည်း မရဖြစ်တော့မယ်။အဲဒါကို ကြောက်နေရတယ်။”ဟု လယ်သမား ဦးမောင်သန်းက ပြောသည်။

စပါးအထွက်နှုန်း ကျဆင်းမှုနှင့်အတူ စပါးစျေး၊ဆန်စျေးမြင့်တက်ခြင်းကလ ည်း အတူကပ်လိုက်လာခဲ့ပြီး လက်ရှိမှာ ရခိုင်ပြည်အတွင်း စပါးတင်းတစ်ရာကို ကျပ် ၂၅ သိန်းဝန်းကျင်အထိ ရှိနေပြီး ဆန်တစ်အိတ်ကိုလည်း ရှစ်သောင်းဝ န်းကျင်မှ တစ်သိန်းခွဲဝန်းကျင်အထိ ရှိနေသည်။

ယင်းမှာ အထွက်နှုန်းလျော့ကျမှု၊ ရှား ပါးမှုတို့ကြောင့်ဖြစ်ပြီး ရခိုင်ပြည်အတွ င်း ဆန်ရိက္ခာမလောက်ငှသဖြင့် ပြည်မဘက်မှ မှာယူရောင်းချနေကြရကြောင်း ဆန်ရောင်းဝယ်သူတို့က ပြောကြသည်။

“ကိုယ့်ဒေသထွက် ဆန်တွေနဲ့မလောက်ဘူး။”ဟု မြောက်ဦးမြို့မှဆန်ရောင်းဝ ယ်သူတစ်ဦးက ပြောသည်။

နှစ်သီး စိုက်ပျိုးနိုင်မှ ဖြစ်တော့မည်မိုးစပါးမဖြစ်ထွန်း၊အထွက်နှုန်းလျော့ခဲ့လျှင် နောက်တစ်သီး နွေစပါးကို အားကိုးမည်ဆိုပြန်တော့လည်း ရခိုင်မှလ ယ်သမားတို့အဖို့ တခြားတိုင်း၊ပြည်များကဲ့သို့ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိ၊ဆ ည်ရေသောက်လယ်ယာစီမံကိန်း၊မြစ်ရေတင်စီမံကိန်းတို့ စနစ်တကျလုပ်ပေးထားခြင်းမရှိပေ။

“ရခိုင်မှာက နွေစပါးလည်းမရှိ။ဒီမိုးတ စ်သီးပဲရှိတော့ ရာသီဥတုကိုပဲ ကောင်း မွန်ဖို့ ဆုတောင်းနေကြရတယ်။မိုးကိုပဲ အားကိုးနေရတယ်။”ဟု ဦးအောင်ကျော်မြက ရခိုင်လယ်သမားတို့၏ အခြေအ နေကို ပြောပြသည်။

ထို့ကြောင့် အချိန်မရွေး မိုးခေါင်၊ရေ ကြီး၊မုန်တိုင်းဝင်ကာ ဖောက်ပြန်ပြော င်းလဲနေသော လက်ရှိရာသီဥတုအခြေ အနေတွင်မူ လယ်ကွင်းတွေဆီ အချိန်မရွေးရေပေးဝေနိုင်သော ဆည်ရေသော က်၊မြစ်ရေတင်စီမံကိန်းများ မဖြစ်မနေလုပ်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း လယ် သမားအရေးဆောင်ရွက်နေသူများနှင့် လယ်သမားတို့က ထောက်ပြကြသည်။

အစိုးရနှင့် ကုမ္ပဏီများအနေဖြင့် ယင်းစီမံကိန်းများကို အမြန်ဆုံးဝိုင်းဝန်းအ ကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း ရခိုင်လယ်သမားများက တောင်းဆိုနေကြသည်။

“ရာသီဥတုက ရေရှည်လုပ်ရမယ့်ဟာဖြ စ်တယ်။ရေတိုမှာ မြစ်ရေတင်စီမံကိန်းတွေကို ကြိုးစားရမယ်။ဆည်ရေ သော က်စီမံကိန်းတွေ လုပ်ဖို့လိုတယ်။ရခိုင်မှာ အဲဒီလိုလုပ်လို့ရတဲ့နေရာတွေ အ များကြီးရှိပါတယ်”ဟု ရခိုင်ပြည် နယ်လုံးဆိုင်ရာတောင်သူလယ်သမားများသမဂ္ဂမှ ဦိးအောင်ကျော်မြက ပြောသ ည်။

အစိုးရအနေဖြင့် လယ်သမားများအတွ က် စနစ်တကျစီမံကိန်းရေးဆွဲကာ ယင်းသို့ လုပ်ဆောင်ပေးမည်ဆိုပါက ရခိုင် ပြည်တစ်ဝှမ်းမှ လယ်ဧကလေးသိန်းဝ န်းကျင်မှာ နွေစပါးစိုက်ပျိုး၍ ရနိုင်ကြောင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာတော င်သူ လယ်သမားများသမဂ္ဂက ခန့်မှန်းသည်။

လက်ရှိတွင်မူ ရခိုင်တစ်ပြည်နယ်လုံးတွင်မှ နွေစပါးစိုက်ပျိုးသော လယ်ယာမြေဧကတစ်ထောင်ပင် မရှိသေးဟု ဆို သည်။

ရခိုင်ပြည်အတွင်း တည်ဆောက်ထားသော ဆည်အချို့ရှိနေသော်လည်း ဆ ည်လက်တက်များ စနစ်တကျသွယ်တ န်းပေးမထားခြင်း၊နည်းပညာအခက်အ ခဲရှိခြင်းတို့ကြောင့် စိုက်ပျိုးသင့်သ လောက် မစိုက်ပျိုးနိုင် ဖြစ်နေသည်ဟုလည်း ထောက်ပြကြသည်။

“ကျောက်တော်မြို့နယ် ပြိုင်းချောင်းဆည်ဆိုရင် ဧကလေးထောင်လောက် စိုက်လို့ရနိုင်ပေမယ့် လက်ရှိမှာ သုံး၊ လေးရာ လောက်ပဲ စိုက်နိုင်သေးတယ်။ ”ဟု ကျောက်တော်မြို့နယ်မှ လယ်သ မား ဦးအောင်ကျော်မြက ပြောသည်။

ထို့အပြင် တပြိုင်နက်တည်းမှာပင် ရာ သီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်း သိမ်းဖို့လည်း အရေးတကြီးလိုအပ်နေပြီဟု ပညာရှင်များနှင့် သဘာ၀ပတ်ဝ န်းကျင်အရေးလှုပ်ရှားသူတို့က တိုက် တွန်း၊ပြောဆိုကြသည်။

ရခိုင်ပြည်အတွင်း မိုခေါင်ခြင်း၊အချိန် အခါ မဟုတ်မိုးရွာခြင်း၊မုန်တိုင်းများ ဝင်ရောက်ခြင်းတို့မှာ ဖောက်ပြန်လာသော ရာသီဥတုကြောင့်ဖြစ်ပြီး အမျိုး သားရေးမူဝါဒတစ်ရပ်ချမှတ်ကာ အစိုး ရ၊အဖွဲ့အစည်းတိုင်းက အရေးပေါ် ကု စားကြရန်လိုအပ်နေပြီဟု ဆိုကြသည်။

“ရခိုင်မှာ သစ်တောပြုန်းတီးမှုက အလွ န်အကျွံရှိနေပြီ။သစ်တောတွေ မရှိရင် မြေဆီလွှာတွေ ပျက်စီးမယ်။အပင်တွေ မဖြစ်ထွန်းတော့ဘူး။စပါးမှ မဟု တ်ဘူး။ဆောင်းသီးနှံတွေလည်း သစ် တောမရှိ။မြေအောက်ရေ ရှားလာရင် စိုက်ပျိုးလို့ မဖြစ်တော့ဘူး။”ဟု သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်(အမ်း)က ပြောသည်။

ယင်းကြောင့် ရာသီဥတုဖောက်ပြန်စေသည့် သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ရခိုင်ရိုးမပေါ်မှ အလုံးအရင်းနဲ့ စည်း ကမ်းမဲ့ သစ်ထုတ်နေသူတို့ကို ကြပ်မတ်ဖို့လိုသလို သစ်တောများပြန်လည်စို က်ပျိုးကြဖို့လည်း လိုအပ်ကြောင့် ထောက်ပြကြသည်။

မြစ်ရေတင်၊ဆည်ရေသောက် စီမံကိန်းများ မတည်ဆောက်၊တစ်နှစ်ထက် တစ်နှစ်ပိုဆိုးကာဖောက်ပြန်လာနေသော ရာ သီဥတုအပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ မလုပ်ကြဆိုလျှင်တော့ ပြည်တွင်း ရိက္ခာရှားပါးကာဖူလုံမှုကိုပါထိခိုက်လာ နိုင်မည်ဖြစ်ပေသည်။

https://www.facebook.com/bordernewsagency/posts/329138692967635

Leave a Reply

Your email address will not be published.