By Arakan Princess Media / 2023 September 19

ရက္ခိုင်ကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်ရို့မာ ရံဖန်ရံခါ မိုးသက်လီပြင်းကျရောက်နိုင်ပြီးကေ လှိုင်းကြီးဖို့လို့ မိုးလီဝသနန့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ဒေနိ(စပ်တမ်ဘာ ၁၉ ရက်နိ) ညဇာ ၇ နာရီထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ” ဒေနိမြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန်တိုင်းထွာချက်အရ ရက္ခိုင်ကမ်းရိုးတန်းနန့်ကမ်းလွန်ပင်လယ်ပြင်ရို့အတွင်း ရံဖန်ရံခါ မိုးသက်လီပြင်းတိကျရောက်ပြီးကေ လှိုင်းကြီးနိုင်ပါရေ။ မိုးသက်လီပြင်းကျခါ ရီပြင်/မြီပြင်လီစွာ တနာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါရေ။ လှိုင်းအမြင့်မာလည်း ၈ ပေကနီ ၁၀ ပေလောက်ဟိနိုင်ပါရေ” လို့ဆိုပါရေ။
ယင်းအပြင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနန့် ယင်းနန့်ဆက်စပ်နီရေ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်-ဩရိဿပြည်နယ်ကမ်းခြီရို့မာ ဖြစ်ပေါ်နီရေ လီဖိအားနည်းရပ်ဝန်း(Low Pressure Area)စွာဆက်လို့ တည်ဟိနီကြောင်းလည်း ထုတ်ပြန်ချက်ပါဖော်ပြထားပါရေ။
ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းရို့မာလည်း မုတ်သုံလီ အားအသင့်အတင်ဟိနီပြီးကေ ကျန်ဘင်္ဂလားပင်လယ်အော်မာမုတ်သုံလီ အားကောင်းနီရေလို့ ဆိုပါရေ။
ယင်းကြောင့် ရက္ခိုင်၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီနန့် ချင်းပြည်ရို့မာ နီရာကွက်လို့ မိုးကြီးနိုင်ကြောင်း မိုး/ဇလထုတ်ပြန်ချက်အရ သိရပါရေ။
https://www.facebook.com/arakanprincessmedia1/posts/335026325588995