မြန်မာအမျိုးသမီးလက်ရွီးစင်အသင်း နန့် ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်း ခြီစမ်းပွဲကဇတ်မည်

By Arakan Princess Media / 2023 September    3

ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် လာမည့်စပ်တမ်ဘာလ ၅ ရက်နိ ညဇာ ၄ နာရီတွင် ​မြန်မာအမျိုးသမီးလက်ရွီးစင်အသင်းဖြင့် ရန်ကုန်မြို့၊ သုဝဏ္ဏအားကဇတ်ကွင်းကြီး၌ ခြီစမ်းပွဲယှဉ်ပြိုင်ကဇတ်လားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ယူနိုက် ယူ-၁၅ အသင်းသည် FIFA MFF U-15 League ၏ ဒုတိယရာသီဝက်ပြိုင်ပွဲများအတွက် ပြင်ဆင်မှုတရပ်အနီနန့် မြန်မာအမျိုးသမီးလက်ရွီးစင်အသင်းနန့် ခြီစမ်းပွဲကဇတ်စီစဉ်ထားခြင်းဖြစ်သည်။

ယင်းအပြင် ဒုတိယမြောက်ခြီစမ်းပွဲအဖြစ် သံတွဲမြို့၌ ရွီးချယ်ထားသည့် လူငယ် ယူ-၁၅ အသင်းနန့် ထပ်မံကဇတ်လားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် ဖီဖာ နန့် မြန်မာဘောလုံးအဖွဲ့ချုပ်က ကျင်းပနီသည့် အောက်မြန်မာဇုန်ဘောလုံးပြိုင်ပွဲပထမ ရာသီဝက်၌ ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ခရာ ယှုံးပွဲမဟိဘဲ ရမှတ် ၂၉ မှတ်ဖြင့် ဇယားထိပ်ဆုံး၌ ရပ်တည်လျက်ဟိသည်။

Source-Rakhine United Football Club

Photo-RUFC

https://www.facebook.com/arakanprincessmedia1/posts/326568763101418

Leave a Reply

Your email address will not be published.