မလေးတွင် ကျောက်ကပ်ရောဂါခံစားနေရသည့် ရခိုင် ၁ ဦး မိမိကိုယ်ကိုအဆုံးစီရင်

By Arakan Bay News / 2023 September      29

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ အမျိုးသားတစ်ဦးသည် မလေးရှားတွင် အလုပ်လုပ်ကိုင်နေရာမှ ကျောက်ကပ်ရောဂါဖြစ်သဖြင့် မိမိကိုယ်ကို ဓားဖြင့်လက်ကို လှီး၍ အဆုံးစီရင်သွားကြောင်း သိရသည်။

၎င်းသည် ယနေ့မနက်ပိုင်း မနက် ၈ နာရီခွဲတွင် ၎င်း၏အခန်းထဲတွင် အဆုံးစီရင်သွားကြောင်း သိရသည်။

သေဆုံးသွားခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ သရက်ချောင်းကျေးရွာမှ အသက် ၅၇ အရွယ် အဖ ဦးကျော်တင်၏သား အသက် ​၃၇ နှစ်အရွယ် ဦးညီညီအောင်ဖြစ်​သည်။

၎င်းသည် ရပ်ရွာမှာနေစဥ်ကာလအတွင်း ကျောက်ကပ်ရောဂါကို ခံစားနေရခြင်းရှိခဲ့ပြီး မလေးရှားတွင်အလုပ်လုပ်ပြီးနေထိုင်ရာမှ အခန်းထဲတွင် လက်ကိုဓားဖြင့်လှီး၍ သေဆုံးသွားကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်မအေးရီက ABN သို့ပြောသည်။

“ရွာမှာလောက်ကပင် ကျောက်ကပ်ရောဂါ ဖြစ်နေတာပါ၊ မလေးကို အလုပ်လုပ်ဖို့သွားတယ်၊ အဲ့ဒီရောဂါမခံစားနိုင်ဘူးထင်ပါတယ် ၊သူ့ကိုသူ ဓားနဲ့လက်ကို လှီးဖြတ်သွားတာပါ” ဟု ဆိုသည်။

၎င်း၏ကျောက်ကပ်ရောဂါကို ဆေးကုသမှုခံယူရန်အတွက် မလေးရှားတွင်အလုပ်လုပ်ကိုင်နေသည့် သူ၏အစ်မ နှင့် ရွာကဇနီးတို့ ခေါ်ယူခဲ့သော်လည်း ဆေးကုသမှု မခံယူဘဲ အခန်းထဲတွင် သေဆုံးသွားကြောင်း မိသားစုဝင်ထံက သိရသည်။

၎င်း၏ ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဒေါ်ခင်မာလွှင်မှာ ၉ တန်းကျောင်းသူ အသက် ၁၅ နှစ်အရွယ် မခင်မာအောင် နှင့် Kg ကျောင်းသူအသက် ၅ နှစ်အရွယ် မမေယုသဇင်ခိုင် သမီး ၂ ဦး ကျန်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် ခင်ပွန်းဖြစ်သူဆုံးရှူံးသွားသည့်အတွက်ကြောင့် ဇနီးဖြစ်သူမှာ အိပ်ရာထဲတွင် မွန်းကြပ်နေလျက်ရှိပြီး သားသမီးများအတွက်လည်း စိတ်ပူနေကြောင်း ၎င်း မှဆက်၍ ပြောသည်။

” သူ့လင်ဆုံးရှုံးဘသွားတော့ သူ့မယားက အိပ်ရာထဲမှာ မွန်းကြပ်ပြီးလဲနေပါတယ်၊ သမီး ၂ ယောက်လည်းရှိတယ်၊ အရမ်းစိတ်ပူနေတယ် “ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် ဦးညီညီအောင်မှာ အရက်သောက်တတ်သူတစ်ယောက်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူကလည်း အရက်မသောက်ရန် အကြိမ်ကြိမ် ဟန့်တားမှုများ ရှိခဲ့ကြောင်း သိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/283960194490239

Leave a Reply

Your email address will not be published.