မင်းပြား၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ အမှု နက်ဖြန်ရုံးထုတ်ဖို့

By Arakan Princess Media / 2023 September    18

မြန်မာစစ်တပ်ဖမ်းဆီးလားပြီးကေ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရရေ မင်းပြားမြို့၊ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ)နီတောင်းချေ အမှုကို နက်ဖြန် (စပ်တမ်ဘာ ၁၉ ရက်နိ) မင်းပြားမြို့နယ်တရားရုံးမာ ရုံးထုတ်လားဖို့လို့ သိရပါရေ။

အမှုကို ကုန်ခရေ သြဂတ်စ် ၂၉ ရက်နိ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီငါးယောက်ကို စစ်ဆီးခပနာ စပ်တမ်ဘာ ၅ ရက်နိကို ရုံးချိန်းထပ်ရွှိလိုက်ကာ၊ ယင်းနိရုံးချိန်းမာလည်း ရုံးမထုတ်ခဘဲ နက်ဖြန်(စပ်တမ်ဘာ ၁၉ ရက်နိ)ကို ရုံးချိန်းရွှိဆိုင်းထားစွာ ဖြစ်ပါရေ။

ဦးအောင်ကျော်လှ(၅၇ နှစ်)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိမာ မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်းက တပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။

ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံရေလို့စွပ်စွဲပျာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲပြီးကေ၊ ရုံးထုတ် စစ်ဆီးနီစွာမာ အကြောင်းအမျိုးမျိုးပြပနာ ရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရလို့ အမှုကြန့်ကြာနီရရေလို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/334377805653847

Leave a Reply

Your email address will not be published.