By Border News Agency / 2023 September 25

မင်းပြားမြို့နယ် ၊ ငစရိုင်းချောင်းကျွန်းခွဆုံကျေးရွာက အသက် ၂၉ နှစ်အရွယ် မသန်စွမ်းတစ်ဦးဖြစ်တဲ့ ကိုမောင်ယောင်းမှာ ဆေးဝါးကုသစရိတ် အခက်အခဲရှိနေတာကြောင့် အခုအချိန်ထိ ဆေးဝါးကုသတာတွေ မလုပ် ဆောင် နိုင်သေးဘူးလို့ပြောပါတယ်။
မသန်စွမ်းတစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုမောင်ယောင်းဟာ ပြီးခဲ့တဲ့ ၆ နှစ် လောက်က ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှာ အလုပ်ဝင်လုပ်ရာကနေ ခေါင်မိုးပေါ်က ပြုတ်ကျခဲ့ပြီး ကျောကုန်းရိုးကျိုးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာကိုမောင်ယောင်းဟာဦးနှောက်အာရုံကြောပါထိခိုက်သွာခဲ့ရပြီး အလေးအပင်သယ်ယူထမ်းပိုးတာမလုပ်နိုင်တော့သလို လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်တော့တာကြောင့် ဆေးဝါးကုသဖို့ လိုအပ်နေတာလို့ဆိုပါတယ်။
” ဆရာဝန်ပြောတာကတော့ ဥနှောက်အာရုံကြောပါထိခိုက်သွားတာလို့ပြောပါတယ်။ ရေသန့် ၁လီတာ ၂လီတာ အလေးပမာဏကိုတောင် သယ်ယူလို့မရပါဘူး။”လို့ ကိုမောင်းယောင်းကပြောပါတယ်။
ကိုမောင်ယောင်း ဟာ မိခင်ဖြစ်သူ အသက် ၅၈ နှစ်အရွ ယ်၊ဒေါ်စောမြသိန်း နဲ့ အတူနေထိုင်နေတာဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ကျန်းမာရေးမကောင်းတာကြောင့် လုပ်ကိုင်စားသောက်ရေးအတွက် အခက်အခဲရှိနေသလို ယခုအခါမှာ ထမင်းငတ်တဲ့နေ့တွေ လည်း ရှိလာနေ
တယ်လို့ ကိုမောင်ယောင်းကပြောပါတယ်။
” လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တာ လုပ်စားကိုင် စားလို့လုံးဝမရပါဘူး။ ဒါ့ကြောင်း ကျနော်တို့သားမိမှာ ထမင်းငတ်တာတွေနဲ့ကြုံနေရပါတယ်။”လို့ ပြောပါတယ်။
အဲဒီလို အခက်အခဲတွေနဲ့ကြုံတွေ့နေရတာကြောင့် တစ်စုံ တရာ အကူအညီပေးမယ့်သူတွေကိုလည်း မျှော်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း ကိုမောင်ယောင်းတို့ နေအိမ်မှာ ပြိုပျက်သွားခဲ့ ရပြီး အခု အချိန်ထိ ပြန်လည်ဆောက်လု ပ်နိုင်ခြင်းမရှိသေးတဲ့အတွက် နေထိုင်စရာမရှိတဲ့အဖြစ်နဲ့ လည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
https://www.facebook.com/bordernewsagency/posts/333482245866613