By Border News Agency / 2023 September 8

မင်းပြားမြို့နယ်၊ငစရိုင်းချောင်းကျွန်းခွဆုံကျေးရွာမှ အသက် ၂၉ နှစ်အရွယ်၊မသန်စွမ်းတစ်ဦးဖြစ်တဲ့ကိုမောင်ယောင်းဟာ ဆေးဝါးကုသဖို့အကူအညီတွေ
လိုအပ်နေတယ်လို့ ဆိုပါတယ်။
သူဟာ လွန်ခဲ့တဲ့ခြောက်နှစ်က စားဝတ်နေရေးအတွ က် ဆောက်လုပ်ရေးဝင်လုပ်ရာမှ အိမ်ခေါင်မိုးပေါ်က ပြုတ်ကျပြီး ကုန်းရိုးကျိုးသွားတာမို့ မသန်စွမ်းတစ်ဦးဖြစ်သွားတာလို့ ဆိုပါတယ်။
အဲဒီဒဏ်ရာတွေဟာ စတီးရိုးအစားထည့်ထားပေမယ့် ခုထိဘာမှလုပ်ကိုင်လို့မရတာမို့စားဝတ်နေရေးကအစအခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
”အဲဒီတုန်းကဆရာဝန်ပြောတာကတော့ဦးနှောက်အာ ရုံကြောကိုပါထိသွားတာပြောတယ်။ကုန်းရိုးကျိုးသွားတဲ့အပြင် လမ်းလျှောက်လို့မရသေးတာခုထိပါ။
နေ့တိုင်းဆေးခန်းကို သွားပြနေရပါတ ယ်။တခါသွားရင်အနည်းဆုံးလေးသော င်း၊ငါးသောင်းကုန်ပါတ ယ်။အလုပ်မရှိတော့ ဆေးကုသဖို့ ငွေကြေးအကူအ ညီတွေလိုအပ်နေပါတယ်။”လို့ ကိုမောင်ယောင်းက ပြောပါတယ်။
သူဟာ ဦးနှောက်အာရုံကြောပါထိခိုက်ပျက်စီးသွားတာမို့ ခုထိလမ်းမလျှောက်နိုင်သေးသလို ဘာတစ်ခုမှကိုင်တွယ်လို့မရဘူးလို့ ဆိုပါတယ်။
အဲဒီအပြင်အလုပ်အကိုင်မရှိတာသလိုဝင်ငွေလည်းတစ်ကျပ်မှမရှိတာမို့ စားဝတ်နေရေးနဲ့ဆေးဝါးကုသဖို့အတွက် အကူအညီတွေလိုအပ်နေကြတာလို့ ဆိုပါတယ်။
အဲဒီကိုမောင်ယောင်းရဲ့မိခင်၊အသက် ၅ ၈ နှစ်အရွ ယ်၊ဒေါ်စောမြသိန်းမှာလည်း ဝမ်းကိုခွဲစိပ်ကုသထားရတာမို့ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေကြရတာလို့ ဆိုပါတယ်။
“အမေလည်း ဝမ်းခွဲထားတာသိပ်မကြာသေးဘူး။အမေလည်းဘာမှမလုပ်နိုင်၊သားလည်းဘာမှမလုပ်နိုင်တာ ၆ နှစ်ရှိပြီ။တောင်းစားဖို့ဆိုလည်း ကျနော်က လ မ်းလျှောက်ရတာအဆင်မပြေဘူး။စားဝတ်နေရေးအခက်အခဲတွေ့နေရတယ်။”လို့ ကိုမောင်ယောင်းက ဆက်ပြောပါတယ်။
အဲဒီအပြင်သူတို့နေအိမ်ဟာ မိုခါမုန်တိုင်းမှာပြိုလဲပျက်စီးသွားတာကို ခုချိန်ထိပြန်မဆောက်နိုင်သေး တာမို့ ကိုမောင်ယောင်းရဲ့ဝမ်းကွဲအစ်ကိုအိမ်မှာ ဖြစ်သလိုခိုကပ်နေကြရတယ်လို့ ဆိုပါတယ်။
“အိမ်က မိုခါမုန်တိုင်းနဲ့ပြိုသွားပြီးကတည်းက ပြန်ဆောက်လုပ်ဖို့ငွေကြေးမရှိပါဘူး။ဒါကြောင်းအစ်ကို ဝမ်းကွဲဖြစ်သူနေအိမ်မှာခိုကပ်နေပါတယ်။ခိုကပ်နေတာလရှည်လာတော့ ငြိုငြင်ချင်သလိုဖြစ်နေပါတ ယ်။ဒါပေမယ့်တခြားနေစရာမှမရှိတာ။”လို့ ကိုမောင်ယောင်းကပြောပါတယ်။
အဲဒီကိုမောင်ယောင်းတို့ သားအမိနှစ်ယောက်ဟာ အ လုပ်မရှိတာ၊ဝင်ငွေမရှိတာမို့ ထမင်းမစားရတဲ့နေ့ရ က်တွေတောင်မကြာခဏကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
https://www.facebook.com/bordernewsagency/posts/323562883525216