မင်းပြားက သီလသျှင်တပါး ရီခပ်လားချိန် ရီမြုပ်သီဆုံး

By Arakan Princess Media / 2023 September    30

မင်းပြားမြို့နယ်မာ ဒေနိ (စပ်တမ်ဘာ ၃၀ ရက်နိ)မိုးထက သောက်ရီခပ်လားချိန် သီလသျှင်တပါး ရီမြုပ်သီဆုံးလားကြောင်းသိရပါရေ။

ရီမြုပ်သီဆုံးလားရေ သီလသျှင်မာ မင်းပြားမြို့နယ် ကံရွာကျေးရွာမှ ဒေါ်လှအေးယဉ်(၄၅နှစ်)ဖြစ်ပြီး ဒေါ်လှအေးယဉ်စွာ မင်းပြားမြို့နယ်၊ဝင်းဇားရွာဟိ သာသနာ့တံခွန်ကျောင်းတိုက်မာ ဓမ္မဇာရီ ဘွဲ့နာမည်နန့် သီလသျှင်ဝတ်လို့ သီတင်းသုံးနီစွာ ဖြစ်ပါရေ။

ယင်းသီလသျှင်စွာ ဒေနိ မိုးထ ၁၀ နာရီလောက်က ဘုန်းကြီးကျောင်းအနောက်ဖက်ဟိ သောက်ရီကန်မာ ရီခပ်ဖို့ထွက်လားခပါရေ။

ယင်းနောက် ဆွမ်းစားချိန် ပြန်မရောက်လို့ ရွာသားတိဝိုင်းလို့ ရှာဖွီကတ်စွာမာ ရီကန်အတွင်း ရီမြုပ်သီဆုံးနီစွာကို ဒေနိ မိုးထ ၁၁ နာရီလောက်က ရှာတွိခပါရေ။

ဒေနိမိုးထ ၈ နာရီလောက်ကလည်း ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးရွာက အသက် ၅၈ နှစ်အရွယ် ဦးမောင်ကျန်ချေ ဆိုသူ ရီမြုပ်သီဆုံးလားခရပါရေ။

အလားတူ စပ်တမ်ဘာ ၂၉ ရက်နိကလည်း မြောက်ဦးမြို့နယ်၊ ဆင်ဖြူတင်ရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက် ရီမြုပ်သီဆုံးခရပါသိမ့်ရေ။

APM က ကောက်ယူထားချက်အရ ရက္ခိုင်မာ ဒေလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလားလူ စုစုပေါင်း ၁၈ ယောက်အထိဟိလာပါရေ။

https://www.facebook.com/arakanprincessmedia1/posts/340754015016226

Leave a Reply

Your email address will not be published.