ဘူးသီးတောင်တွင် မြန်မာစစ်တပ်က ဒေသခံများ ပိုင်ဆိုင်သည့် ကျွှဲ၊နွားများကို ဖမ်းဆီး၊ ငွေညှစ်မှုများပြုလုပ်နီ

By Arakan Princess Media / 2023 September    6

ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ် တပ် တပ်ဖွဲ့ဝင်များက  ဒေသခံများ ပိုင်ဆိုင်သည့် ကျွှဲနွားများကို ဖမ်းယူကာ ငွေညှစ်မှုများပြုလုပ်လျက်ဟိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒေနိ(စပ်တမ်ဘာ ၆ ရက်နိ) မိုးထ ၈ နာရီလောက်က ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တန်းထားတွင် အခြီပြုလျက်ဟိသော မြန်မာစစ်တပ်၊ တပ်မ (၂၂) လက်အောက်ခံ ခမရ(၂၁၀) တပ် ရင်းမှ  တပ်ဖွဲ့ဝင် ၁၂ ယောက်နန့် နခခ(၃) လက်အောင်ခံ အမှတ်(၉)နယ်ခြားစောင့် ကင်းစခန်းမှ ဒုဗိုလ် သန်းမြတ်စိုး ဆိုသူ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၆ ယောက်သည် ဖုံညိုလိပ်ရွာ အမှတ်(၁၄) ရပ်ကွက်ဟိ မာမောက်အီလီယာစ်(ခ)လာလာယာ၊ အီနူစ်၊ အဒူဟာဒက်ရို့ ၃ ယောက်ပိုင်ဆိုင်သော ခရီးလားနွားအကောင် ၄၀ ကို ဖမ်း ယူလားခ​သည်။

ယင်းမှတဆင့် ၎င်းရို့သည့် ကံဒက်ရွာဖက်သို့ဆက်လက်ထွက်ခွာလာပြီး ကံဒက်ရာအနား နနွင်းတူးရွာမှ ကော်ဘီ(၃၄နှစ်) ပိုင်ဆိုင်သော နွား ၄ ကောင်နန့် ကျွဲ ၁ကောင်ကိုပါ တပါတည်းဖမ်းယူလားခကတ်သည်။

ယင်းသို့ဖမ်းယူလားပြီးနောက် နွားပိုင်သျှင်များဖြစ်သော မာမောက်အီလီယာစ်(ခ)လာလာယာနန့် ကော်ဘီရို့ကို ခေါ်ယူကာ  မာမောက်အီလီယာစ်ထံမှ နွားအကောင် ၄၀ အတွက် ငွေ ၉၁ သိန်း ကျပ်နန့် ကော်ဘီထံမှ နွား ၄ ကောင်၊ ကျွှဲ ၁ ကောင်အတွက် ငွေ ၁၁ သိန်းကျပ်၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ကို တောင်းယူခပြီးမှ ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/328058322952462

Leave a Reply

Your email address will not be published.