ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ်နန့် အိန္ဒိယဝန်ကြီးချုပ် နှစ်နိုင်ငံဆက်ဆံရီး ဆွေးနွေး

By Arakan Princess Media / 2023 September    9

ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ချိတ်ဟာဆီနာနန့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီရို့ရေ စပ်တမ်ဘာ ၈ ရက်နိက နယူးဒေလီမြို့မာ နှစ်နိုင်ငံချိတ်ဆက်မှု၊ ကူးသန်းရောင်းဝယ်ရီးဆိုင်ရာ ဆွေးနွေးမှုတိပြုလုပ်ခ​ကတ်ပါရေ။

ယင်းတွိဆုံမှုကို နယူးဒေလီက ဝန်ကြီးချုပ်မိုဒီ၏ နီအိမ်မာ ပြုလုပ်ခပြီးကေ လာဖို့ ဘင်္ဂလားဒေ့ချ် ရွီးကောက်ပွဲမတိုင်ခင် ဝန်ကြီးနှစ်ဦးအကြား နောက်ဆုံးတွိဆုံဆွေးနွေးမှုလည်း ဖြစ်ပါရေ။

တွိဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဂေါင်းဆောင်တိက “အိန္ဒိယ-ဘင်္ဂလားဒေ့ချ်၏ ဆက်ဆံရီးကို ကျေနပ်အားရကြောင်း ၊  နှစ်နိုင်ငံဆက်ဆံရီးခိုင်မြဲအောင်အဂုထက်ပိုလို့ လုပ်ဆောင်လားဖို့ဖြစ်ကြောင်း ပြောဆိုခကတ်ပါရေ။

ဝန်ကြီးချုပ်မိုဒီက “ချိတ်ဟာဆီနာနန့် ကောင်းမွန်ရေ ဆွေးနွေးမှုတိလုပ်ခပါရေ။ လွန်ခရေ ၉နှစ်အတွင်း အိန္ဒိယ- ဘင်္ဂလားဒေ့ချ်ဆက်ဆံရီး တိုးတက်မှုရေ ကကောင်း ဝမ်းမြောက်စရာဖြစ်ခပါရေ။ ဒေဂုဆွေးနွေးမှုမာ ဆက်သွယ်ရီး၊ ကူးသန်းရောင်းဝယ်ရီးနန့် တခြားနယ်ပယ်တိပါ အကျုံးဝင်ပါရေ”လို့ တွစ်တာမာရွီးသားခပါရေ။

ချိတ်ဟာဆီနာရေ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ နယူးဒေလီမာ ကျင်းပဖို့ဟိရေ ဂျီ ၂၀ ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အိန္ဒိယသို့ စပ်တမ်ဘာ ၈ ရက်နိက ရောက်လာစွာဖြစ်ပါရေ။

ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် ချိတ်ဟာဆီနာစွာ အစည်းအဝေးပြီးချိန်အထိ အိန္ဒိယမာ သုံးရက်ကြာဟိနီဖို့ဖြစ်ပြီးကေ တခြား နိုင်ငံဂေါင်းဆောင်တိနန့်လည်း တွိဆုံဆွေး နွေးမှုလုပ်လားဖို့ ဆိုပါရေ။

https://www.facebook.com/arakanprincessmedia1/posts/329468339478127

Leave a Reply

Your email address will not be published.