ပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားသည့် ကျောက်ဖြူမှ ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင် ဆီးကုသရန် အရေးတကြီး လိုအပ်နီ

By Arakan Princess Media / 2023 September    1

မြန်မာစစ်တပ်က ဖမ်းဆီးလားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နန့် တရားစွဲခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်မှာ လက်ဟိ ကျန်းမာရီးမကောင်း၍ ဆီးကုသရန်အရေးတကြီး လိုအပ်နီကြောင်းသိရသည်။

ဦးဝင်းမောင်(၅၈နှစ်) ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာ ၂၂ ရက်နိညည့်အချိန်တွင် ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ(၃၄)မှ တပ်ဖွဲ့ဝင်များက အရပ်အဝတ်ဝတ်ကာ နီအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းယူလားခသည်။

ယင်းနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်ပ ၁၇/၁ နန့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲထားခခြင်းဖြစ်သည်။

သွီးတိုးရောဂါကြောင့် အသက်ယှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်းစသည့်ဝေဒနာများကို ခံစားနီရသည့် ဦးဝင်းမောင်မှာ အဖမ်းမခံရခင်ကပင် သမားတော်နန့် ၁ လ တကြိမ် ဆီးကုသမှုခံယူနီရလူဖြစ်သည်။

လက်ဟိကျောက်ဖြူ အချုပ် တွင်လည်း အဆိုပါ သွီးတိုးရောဂါ ပြန်ဖြစ်လာနီသည့်အပြင် အသက်ယှူကျပ်ခြင်းလည်း မကြာမကြာ ပြန်ပေါ်

နီ၍ မိသားစုဝင်များမှာ ဆီးကု သရန် လိုလားနီကတ်သည်။

ဦးဝင်းမောင်မှာ ဖမ်းဆီးခံရသည့်ချိန်မှ လက်ဟိအချိန်ထိ ရုံးချိန်းအကြိမ်  ၃၀ ရုံးထုတ်ခံခရကေလေ့ စစ်ကောင်စီ တရားလိုမှတကြိမ်ရာ ရောက်ဟိခပြီး၊ ယင်းတရားလိုရောက်သည့်ရုံးချိန်းတွင်လည်း မြို့နယ်တရား သူကြီး ဦးဇေယျာဖြိုးက တစုံတရာစစ်ဆီးခြင်း မလုပ်ခဘဲ ရုံးချိန်းရွှိလိုက်သည်ဟုသိရသည်။

ကျောက်ဖြူတွင် ဦးဝင်းမောင်အပါအဝင် AA နန့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁)(၂) နန့် တရားစွဲခံထားရသူ အများအပြားဟိနီပြီး တခြားလူများရုံးချိန်းတွင်လည်း မြို့နယ်တရားသူကြီး ဦးဇေယျာဖြိုးက တစုံတရာ စစ်ဆီးမိန်း မြန်းခြင်းမဟိဘဲ ရုံးချိန်းရာ အကြိမ်ကြိမ် ရွှိနီကြောင်းသိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/325508833207411

Leave a Reply

Your email address will not be published.