ပုဏ္ဏားကျွန်းတွင် မုန်တိုင်းကြောင့် ပျက်စီးလာခရပြီး လက်အချိန်အထိ ပြန်မပျင်နိုင်သိမ့်သော အိမ်ထောင်စု ရာချီ ဟိနီ

By Arakan Princess Media / 2023 September    4

ပုဏ္ဏားကျွန်းမြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးလာခရပြီးနောက် လက်ဟိအချိန် ပြန်မဆောက်နိုင်သည့် အိမ်ထောင်စုပေါင်း ရာချီ ကျန်နီသိမ့်ကြောင်း သိရသည်။

ယင်းနီအိမ်များမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ ကန်ချောင်း၊စပါးထား၊ အောင်ဖြူပြင်၊ ကျောက်ဆိပ်၊ ဂဏန်းတောင်၊ ပိုးရွှီပြင်၊ စပါးထား၊ သင်းပုန်းတန်း အပါအဝင်ကျေးရွာအများစု၌ ကျန်ဟိနီခြင်းဖြစ်ပြီး အများစုမှာ လက်လုပ်လက်စားဒေသခံများ၏ နီအိမ်များဖြစ်ကတ်သည်။

အဆိုပါ ဒေသခံများမှာ အကူအညီလာရောက်မှု နည်းပါးသည့်အပြင် ကိုယ်ထူကိုထ ပြန်ပျင်ရန်​လည်း ငွေကြေးအခက်ကြုံနီကတ်ရသည်ဟုဆိုသည်။

ယင်းဒေသခံများသည် လက်ဟိ၌ နီးစပ်ရာ ဆွေမျိုးနီအိမ်များတွင် ခိုကပ်နီထိုင်နီကတ်ရပြီး တချို့မှာလည်း ယာယီတဲထိုးကာ ခက်ခက်ခဲခဲ နီထိုင်နီကတ်ရသည်။

ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ရက္ခိုင်ပြည်ဟိ မုန်တိုင်းသင့်မြို့နယ်များ၌ လက်ဟိအချိန်ထိ အိမ်ပြန်မပျင်နိုင်သိမ့်သည့် နီအိမ်များ ကျန်နီသိမ့်ပြီး အများစုမှာ လက်လုပ်လက်စား ပြည်သူများဖြစ်ကာ အကူအညီရဟိရန် မျှော်လင့်နီကတ်ကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/326981243060170

Leave a Reply

Your email address will not be published.