ပုဏ္ဏားကျွန်းတွင် ခရီးသည် တင်ကားတစီးတိမ်းမှောက်၍ ကိုယ်တော်ကြီးတပါး ဒဏ်ရာရ

By Arakan Princess Media / 2023 September    7

ပုဏ္ဏားကျွန်း မြို့တွင် ​ဒေနိ(စပ်တမ်ဘာ ၇ ရက်နိ)မိုးထက ခရီးသည်တင်ကားတစီးတိမ်းမှောက်၍ သက်တော် ၆၈ နှစ်အရွယ် ကိုယ်တော်ကြီးတပါး ဒဏ်ရာရလားကြောင်း သိရသည်။

ဒဏ်ရာရလားသည့် ကိုယ်တော်ကြီးမှာ ကျောက်တော်တောင်၌ သီတင်းသုံးနီသော အသျှင် နန္ဒ (ဝါတော် ၆ ဝါ ၊သက်တော် ၆၈ နှစ်) ဖြစ်သည်။

ကိုယ်တော်ကြီးသည် ဒေနိမိုးထ ၁၀ နာရီလောက်က ကျောက်တော်- စစ်တွေဗြီးဆွဲနီသည့် ဟိုင်းဂျက်အမျိုးအစား ခရီးသည်တင်ကားတစီးဖြင့်  ကျောက်တော်မှ စစ်တွေသို့ စီနင်းလိုက်ပါလာစဉ် ပုဏ္ဏားကျွန့်မြို့၊ မလေးသျှား စားသောက်ဆိုင် ရှိ၌ လမ်းဘေးသို့ ကားတိမ်းမှောက်လားခြင်းဖြစ်သည်။

အဆိုပါ ခရီးသည်တင်ကားတွင် ကိုယ်တော်ကြီးနန့် အမျိုးသမီးတယောက်စီးနင်းလိုက်ပါလာ​ခြင်းဖြစ်ပြီး ကားတိမ်းမှောက်မှုကြောင့်ကိုယ်တော်ကြီးမှာ မျက်နှာနန့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရလားကာအမျိုးသမီးမှာတော့ ထိခိုက်ဒဏ်ရာမရဟုဆိုသည်။

လက်ဟိတွင် အဆိုပါ ကိုယ်တော်ကြီးကို ပုဏ္ဏားကျွန်းဆီးရုံ၌ ဆီးကုသခံယူပြီး၍ သီတင်းသုံးနီထိုင်ရာ ကျောက်တော်တောင်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်းသိရသည်။

https://www.facebook.com/arakanprincessmedia1/posts/328352729589688

Leave a Reply

Your email address will not be published.