By Narinjara / 2023 September 24
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ကနေ တစ်သက်တကျွန်းလျော့ပေါ့ ပြစ်ဒဏ်ပေးခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ရခိုင်လူငယ်နှစ်ဦးဖြစ်ကြတဲ့ ကိုဝင်းဇော်ထွန်းနဲ့ကိုဇော်လင်းတို့ဟာထိုင်းနိုင်ငံ ဘန်ခွမ်အကျဥ်းထောက်ထဲမှာ ထိန်းသိမ်းခံနေရပါတယ်။
လက်ရှိ သူတို့နှစ်ဦးရဲ့အခြေအနေဘယ်လိုရှိနေပါသလဲ…..။
အခုအချိန်ထိ သူတို့နှစ်ယောက်အရေးကို ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို နိရဉ္စရာသတင်းဌာနရဲ့ စတူဒီယိုထဲမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က မအေးမြတ်ခိုင်မှ တွေ့ဆုံမေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။