တိုင်းပြည်ပြန်လည်ထူထောင်းရီးတွင် စစ်မှန်သော ပရဟိတသမား များစွာ လိုအပ်

By Arakan Princess Media / 2023 September    5

Photo – fundsforNGOs

ဒေနိ စပ်တမ်ဘာလ ၅ ရက်နိသည် အပြည်ပြည်ဆိုင်ရာပရဟိတနိ(International Day of Charity)ဖြစ်သည်။ ဆင်းရဲမွဲတေမှုနန့်အကျပ်အတည်းများအားကျော် လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်၍ ၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရီးနိုဘယ်ဆုရဟိခသူ ကာလကတ္တားမိခင် မာသာထရီဇာ ကွယ်လွန်ခြင်း နှစ်ပတ်လည်နိအားဂုဏ်ပြုသည့်အနီနန့်  စပ်တမ်ဘာ ၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ပရဟိတနိအဖြစ် ၂၀၁၂ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုကြေညာခခြင်းဖြစ်သည်။

ပရဟိတလုပ်ငန်းသည် အများအကျိုးကို ထမ်းရွက်သည့်လုပ်ငန်းဖြစ်ပြီး စစ်မှန်သည့် လူမှုဆက်ဆံရီးကို ထောက်ပံ့ပီးသည်။ အားလုံးပါဝင်ပြီး ခံနိုင်ရည်ဟိသည့် လူ့အဖွဲ့အစည်းများကိုဖန်တီးသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၏ အဆိုးရွားဆုံးသက်ရောက်မှုများကို သက်သာစီလျက် ကျန်းမာရီးစောင့်ယှောက်မှု၊ ပညာရီး၊ အိမ်ရာနန့် အချေသူငယ်ကာကွယ်ရီးရို့တွင် ပြည်သူဝန်ဆောင်မှုများကို ဖြည့်စွမ်းသည်။

ယင်းအပြင် ပရဟိတလုပ်ငန်းသည် ယဉ်ကျေးမှု၊ သိပ္ပံ၊ အားကဇတ် နန့် သဘာဝအမွီအနှစ်များ ဖွံ့ဖြိုးတိုးတက်ရီးကို အထောက်အကူပြုပြီး အဖိနှိပ်ခံနန့် ခွဲခြားဆက်ဆံခံရသူများ၏ အခွင့်အရေးများကို မြှင့်တင်ပီးကာ ပဋိပက္ခအခြေအနီများတွင် လူသားမျိုးနွယ်ရို့၏သတင်းစကားကို ဖြန့်ကြက်ပီးပါသည်။

ပရဟိတသမားများ၌လည်း မိမိရို့ဆောင်ရွက်ရသည့်တာဝန်ဝတ္တရားများဟိပိုင် စောင့်စည်းလိုက်နာရမည့် ကျင့်ဝတ်များလည်း ဟိပါသည်။

အထူးသဖြင့်အကျိုးခံစားခွင့်ဟိသူများအား ဆက်ဆံရာ၌ ပရဟိတသမားများအနီနန့် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းပါအချက်များကို အထူးလေးစားလိုက်နာရကတ်ရသည့်အပြင် ပံ့ပိုးကူညီဆောင်ရွက်သည့်နီရာတွင်လည်း ပွင့်လင်းမြင်သာမှု (Transparency)၊တရားမျှတမှု (Equity and fairness)၊ အကျိုးစီးပွားပဋိပက္ခများကိုယှောင်ယှားမှု(Avoiding conflicts of interest)၊ သက်ရောက်မှု နန့်  ထိရောက်မှု(Impact and effectiveness)၊ အကျိုးခံစားရသူများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လေးစားတန်ဖိုးထားမှု (Respecting the autonomy of beneficiaries) အစဟိသည့် ကျင့်ဝတ်များကိုလည်း လိုက်နာကတ်ရသိမ့်သည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ပရဟိတသမားပေါင်းမြောက်မြားစွာရို့က လူသားများအား ကူညီပီးလျက်ဟိရာတွင် အများစုမှာ ကျင့်ဝတ်နန့်အညီ တသွေမတိမ်း လိုက်နာဆောင်ရွက်လျက်ဟိပြီး တချို့မှာ ပရဟိတကို ဗန်းပြ၍ ကိုယ်ကျိုးရှာခြင်း၊ ထိခိုက်နစ်နာသူများအား လူမဆန်စွာပြုမူခြင်း၊ ထောက်ပံ့မှုများ မမျှတခြင်း၊ ဒေသ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြိုး ပမ်းနီသူများအပေါ် မထီမဲ့မြင်ပြုခြင်း၊ ဒေသန္တရစည်းမျဉ်း၊ ဥပဒေများနန့် ထုံးဓလိများကို ချိုးဖောက်ခြင်း၊ မိမိပေါ်ပြူလာဖြစ်ရီးတခုတည်းကို ဦးတည်၍ နစ်နာသူများအား အသုံးချခြင်း၊ မိမိကိုယ်ကျိုးစီးပွားအတွက် အများပြည်သူကို လိမ်လည်ဝါဒဖြန့်ခြင်း၊ အဂတိ လိုက်စားခြင်း စသည့် ကျူးလွန်မှုတချို့ဟိခသည်။ ယင်းရို့ကိုနိုင်ငံတကာ ဥပဒေ၊ ဒေသန္တရဥပဒေ၊ အသင်းအဖွဲ့ဆိုင်ရာဥပဒေ၊ ပဋိညာဉ်များ နန့် အရေးယူခြင်းများလည်းဟိခသည်။

ရက္ခိုင်ပြည်တွင်လည်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ၊ ရီကြီးဒဏ်သင့်ပြည်သူများ၊ စစ်ဖီးဒဏ်သင့် ပြည်သူလူထုများအတွက် ကူညီဆောင်ရွက်သည့် ပြည်တွင်း၊ ပြည်ပ ပရဟိတအဖွဲ့များ၊ ပရဟိတသမားများဟိသည့်နည်းတူ  အမျိုးသားရီးခံယူချက်အားကောင်းသော တော်လှန်ရီးလက်နက်ကိုင်တပ်ဖွဲ့ဝင်စစ်သည်တော်များ (တနည်း) ရက္ခိုင့်နိုင်ငံရီးရည်မှန်းချက်ဖြစ်သည့်”ရက္ခိတလမ်းစဉ်”ကို အကောင်အထည်ဖော်နီကတ်သည့် စေတနာ့ဝန်ထမ်းများသည်လည်း ဟိနီပါသည်။

ရက္ခိုင်ပြည်က အာရက္ခစစ်သည်တော်များ၊ စေတနာ့ဝန်ထမ်းများ၊ စစ်မှန်သော ပရဟိတသမားများမှာ မာသာထရီဇာ၏ ပရဟိတစိတ်ဓာတ်နည်းတူ ရက္ခိုင်ပြည်၌ ကျရောက်သော ဖီးအန္တရာယ်အသွယ်သွယ်ကြောင့် အတိ ဒုက္ခရောက်နီကတ်ရသည့်ပြည်သူလူထုများကို အမှန်အကန်ကူညီဆောင်ရွက်နီပိုင်၊ အာရက္ခတိုင်းပြည် ပြန်လည်ထူတောင်ရီးလုပ် ငန်းများ၌လည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ဟိသည်။

လက်ဟိတွင် ULA/AA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရသည် တိုင်းပြည်ပြန်လည်ထူထောင်ရီးလုပ်ငန်းများ၊Nation building၊ State building စသည့်တည်ဆောက်ရီးလုပ်ငန်းများတွင်လည်းအားကြိုးမာန်တက် ဆောင်ရွက်လျက်ဟိပါသည်။

အဆိုပါလုပ်ငန်းများ၌ အင်တိုက်အားတိုက်လိုက်ပါ လုပ်ဆောင်မည့် ပရဟိတသမားများအမြောက်အမြားလိုအပ်နီပိုင်”အာရက္ခဒေသအုပ်ချုပ်ရီး”အေထက်ပီပြင်လာရန် မြီပြင်တာဝန်ထမ်းဆောင်မည့် သီနတ်မကိုင်သော စေတနာ့ဝန်ထမ်းအနစ်နာခံမည့်သူ များ အရေးတကြီး လိုအပ်နီသည်ဟု ရက္ခိုင့်တပ်တော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါသည်။

“အပြင်မှ ပါဝင်ဝန်းရံပီးနီကတ်သော သူများထက် ULA ထဲတွင် ထဲထဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာနန့် အာရက္ခတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း သူရဲကောင်းညီချေ၊ ညီမချေများကို စောင့်ကြိုနီပါသည်” ဟု ဒေါက်တာက ဆိုပါသည်။

ထို့ကြောင့် အာရက္ခပြည်ချစ်စစ်မှန်သော ပရဟိတသမားများ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအနီနန့် အာရက္ခတိုင်းပြည်တည်ဆောက်ရီးလုပ်ငန်းများ၊ပြန်လည်ထူထောင်ရီးလုပ်ငန်းတွင် အေဂုထက်မက အားကောင်းမောင်းသန် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရန် အထူးလိုအပ်နီပါကြောင်း ရွီးသားတင်ပြလိုက်ရပါသည်။

Website Link >>

https://www.facebook.com/arakanprincessmedia1/posts/327508259674135

Leave a Reply

Your email address will not be published.