ဆန်ကွဲစားပြီး ရှင်သန်နေရတဲ့ စစ်ရှောင်တွေ (ဓာတ်ပုံသတင်း)

By DMG / 2023 September        27

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဥဿလင်းကျောင်း စစ်ဘေးရှောင်းစခန်းက စစ်ဘေးရှောင်တွေဟာ ဆန်ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဈေးပိုသက်သာတဲ့ ဆန်ကွဲတွေကို ဝယ်ယူစားသောက်နေရတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည် ဆန်ဈေးကွက်မှာတော့ ဆန်ကောင်းတစ်အိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ကျော် ရှိပြီးတော့ ဆန်ကွဲတစ်အိတ်ကို ငွေကျပ် ၆၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

“မိုခါ” မုန်တိုင်းလွန်ကာလကနေ စားနပ်ရိက္ခာအကူအညီတွေ မရောက်တာ၊ ကုန်ဈေးနှုန်း မြင့်တက်တာတွေအပြင် နေ့စားအလုပ်တွေ အဆင်မပြေတာကြောင့် စစ်ဘေးရှောင်တွေဟာ အခုလို ဆန်ကွဲကိုစားပြီး ဝမ်းရေးကို ဖြေရှင်းနေကြတာပါ။

ဥဿလင်းကျောင်းက စစ်ဘေးရှောင်းစခန်းမှာ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝ၊ စိမ့်စင်း၊ ဒိုးချောင်းဝ၊ နှမဒါနဲ့ မီးလက်ဝ စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်တိမ်းလာတဲ့ လူဦးရေ ၁၅၀ ကျော် ခိုလှုံနေထိုင်နေတာလည်း ဖြစ်ပါတယ်။

အချို့စစ်ဘေးရှောင်တွေကတော့ ဆန်ကွဲနှင့် ဆန်ကောင်းကို ရောချက်ပြီးတော့ စားသောက်နေကြတယ်လို့ ဆိုပါတယ်။

#I003 #DMG

https://www.facebook.com/dmgnewsagency/posts/705163721657227

Leave a Reply

Your email address will not be published.