By Border News Agency / 2023 September 15
စစ်တွေမြို့မှာ စက်တင်ဘာလ ၁၅ ရ က်၊ဒီနေ့မနက် ၉ နာရီအချိန်ကမြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းမှစားသုံးဆီတွေကို စျေးလျော့ရော င်းချပေးနေပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းချုပ်က စက်တ င်ဘာလ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ ဆီတစ်ပိဿာကို ၄၈၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာစားသုံးဆီ တစ်ပိဿာကို ၄၈၀၀ ကျပ်ဖြစ်ပေမယ့် ဈေးကွက်မှာတစ်ပိဿာကို ကျပ်တစ်သော င်းထိရှိနေတယ်လို့ ရခိုင်ပြည်နယ်ကုန်သည် ကြီးများအသင်းက ဆိုပါတယ်။
အဲဒီမြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းနဲ့ဆီလုပ် ငန်းရှင် ၁၃ ဦးပူးပေါင်းရောင်းချနေတာဖြစ်ပါတယ်။
အဲဒီလိုရောင်းချတာတွေကို ဒီနေ့မှာနာဇီရွာစျေး၊ရွှေပြားစျေး၊ဘုရားကြီး၊ရွာကြီးတောင်၊ရွာကြီးမြောက်စတဲ့နေရာတွေမှာရောင်းချပေးခဲ့တာဖြစ်ပါတယ်။
နောက်ရက်တွေမှာတော့ ဆက်ရိုးကျ၊ကျေးတောစတဲ့နေရာတွေမှာ ရောင်းချပေးသွားမှာလို့ ဆိုပါတယ်။
လက်ရှိမှာစားသုံးဆီ တစ်ပိဿာကို ကျပ်တစ်သော င်း၊ပဲဆီတစ်ပိဿာကို ကျပ် ၁၂၀၀၀ ကျပ်နဲ့ နှမ်းဆီးတစ်ပိဿာကို ၁၄၀၀၀ ကျပ်ထိမြင့်တက်နေပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ စားသုံးဆီတွေစျေးတင်ရောင်းချနေကြတယ်ဆိုပြီးဆီလုပ်ငန်းရှင်တွေ၊ဆီကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးတာတွေပြု လုပ်နေပါတယ်။