စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံး

By Narinjara / 2023 September     15

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မည်သူမည်ဝါမသိရသေးဘဲ ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်တွေမြို့၊ ဆက်သွယ်ရေးရုံးရှိသည့် ဗောဓိလမ်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ယင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

“အုပ်စုလိုက် ဆိုင်ကယ်စီးပြီး လာပစ်သွားတာ။ ဒဏ်ရာတွေတော့ ဘယ်နေရာရလဲမသိရဘူး။ လမ်းတွေလည်း အခု ပိတ်ထားလို့”ဟု ပြောသည်။

လက်ရှိတွင် အလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သွားရောက်သယ်ဆောင်ပြီး စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

စစ်တွေမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်ကြောင့် မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ (NN-16)

Photo – CJ

https://www.facebook.com/narinjara.info/posts/704997995000666

Leave a Reply

Your email address will not be published.