စစ်ကောင်စီ လဝကနန့် နယ်ခြားစောင့်ရဲရို့ငွေကြေးတိရယူပနာ ဘင်္ဂလားဒေ့ချ်က မူဆလင်တိကို ရက္ခိုင်ပြည်ထဲသို့ တရားမဝင်ခိုးသွင်းနီ

By Arakan Princess Media / 2023 September    24

တိုင်းပြည်မတည်ငြိမ်မှုကိုအခွင့်ကောင်းယူပနာ စစ်ကောင်စီ၏ လဝကဝန်ထမ်းတိနန့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တိစွာ  ဘင်္ဂလားဒေ့ချ်က မူဆလင်တိကို ငွေကြေးတိ တောင်းခံပနာ ရက္ခိုင်ပြည်အတွင်းသို့  တရားမဝင်ခိုးသွင်းနီကြောင်းသိရပါရေ။

လဝကနန့် နယ်ခြားစောင့်ရဲတိစွာ သရက်အုပ်ချောင်းဝ စခန်း၊ မင်္ဂလာကြီး ချောင်းဝစခန်း၊မောင်နီရဲကင်းစခန်း၊ မကျည်းချောင်းကင်းစခန်း၊ ငါးခူရစခန်း၊ ရီတွင်းပြင်ကင်းစခန်းအပါအဝင် မောင်တောနယ်ခြားစောင့်စခန်းတိကနီပနာ မူဆလင်တယောက်ကို ငွေ ၆ သိန်းကနီ ၁၀ သိန်းအထိ ယူဆောင်ကာ ရက္ခိုင်ပြည်အတွင်းသို့ နီတိုင်းဆိုပိုင် တရားမဝင် သွင်းပီနီရေလို့ သိရပါရေ။

ယင်းမူဆလင်တိကို ဘူးသီးတောင်မြို့နယ် ဘဒနာ၊ မောင်နီကိုလ်၊ စိမ်းညှင်းပြား၊ ဦးလှဖေ၊ သိမ်တောင်အပါအဝင် ကျေးရွာအများ အပြားနန့် မောင်တောမြို့နယ် မြောတောင်၊သရက်အုပ်၊ ပွင့်ဖြူချောင်း၊ ငန်းချောင်းဂုနား၊ ဟာဘီ၊ ဇူလ အပါအဝင် ကျေးရွာအများအပြားမာ နီရာချပီးထားရေလို့ ဆိုပါရေ။

အဆိုပါ ဘင်္ဂလားဒေ့ချ်က လာဘ်ငွေပီးလို့တရားမဝင် ဝင်ရောက်လာလူ မူဆလင်ပေါင်း ထောင်ချီဟိပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ဖို့ ဝင်ရောက်လာရေလူတိပါရေပိုင် လူသတ်၊ ဒါးမြတိုက်၊ လူဆိုးလူမိုက်တိ၊ အကြမ်းဖက်သမားတိလည်း ပါဝင်လာကြောင်း ဒေသခံတိပြောဆိုကတ်ပါရေ။

ယင်း လူဆိုးသူခိုးတိစွာ ဒေသခံတိအပေါ် မတရားအနိုင်ကျင့်၊ ခိုးယူလုယက်၊ လူသတ် မုဒိမ်းကျင့် အကြမ်းဖက် လုပ်ရပ်တိကို ကျူးလွန်နီကတ်လို့ ဒေသတွင်း မတည်ငြိမ်မှုတိနန့်  ဆိုးဝါးပြင်းထန်စွာ ရင်ဆိုင်နီရရေလို့ သိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/337593421998952

Leave a Reply

Your email address will not be published.