စစ်ကောင်စီရေတပ် မေယုမီးပြအနီး စစ်ရေးလေ့ကျင့်မည်

By Narinjara / 2023 September     24

ဓာတ်ပုံ- ရေတပ်စစ်သေင်္ဘာများနှင့် စစ်ရေးလေ့ကျင့်မည့် ရေပြင်အနီးက မေယုမီးပြကိုတွေ့ရစဉ်

စစ်ကောင်စီသည် စက်တင်ဘာလ ၂၄ ရက် ယနေ့တွင် စစ်တွေမြို့ အနောက်တောင်ဘက်ရှိ မေယုမီးပြအနီးပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မည်ဟု သိရသည်။

၎င်းစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး  စစ်နည်းဗျူဟာ ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် ရေပြင်မှာ “မေယုပွိုင့်၏ အနောက်တောင် ၁၅ ဒဿမ ၅ မိုင်၊ ရေနံစင် အနောက်မြောက် ၁၈ မိုင်၊ OYSTER မီးပြတိုက်၏ အနောက်တောင် ၁၅ ဒဿမ ၅ မိုင်၊ ပင်မကုန်းမြေ၏ ၂၇ ဒဿမ ၅ မိုင်အကွာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မေယုမီးပြတိုက်မှာ မေယုမြစ်၀တွင် တည်ရှိပြီး ရေမျက်နှာပြင်အမြင့် ၁၃၅ ပေ အမြင့်တွင် တည်ရှိကာ ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး အစပိုင်းတွင်း Oyster မီးပြဟု ခေါ်တွင်ခဲ့သော်လည်း နောက်ပိုင်းတွင် မေယုမီးပြဟု ပြောင်းလဲခေါ်တွင်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ရေးလေ့ကျင်းမှု ပြုလုပ်မည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း အသိပေးထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ၊ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်လာသည်မက စစ်အင်အားဖြည့်တင်းမှုများကိုလည်း ပြုလုပ်နေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။(NN-14)

https://www.facebook.com/narinjara.info/posts/710234241143708

Leave a Reply

Your email address will not be published.