ဂွ မာ ရီလုပ်သား ၃ ယောက် ထပ်ပျောက်နီ

By Arakan Princess Media / 2023 September    12

ဂွမြို့နယ်၊ ဆပ်သွားရွာနန့် ဘဲကျွန်းအနားပင်လယ်ပြင်မာ  ဒေနိ (စပ်တမ်ဘာ ၁၂ ရက်နိ) မိုးထ ငါးဖမ်းဘုတ်တစီးနန့် ဘုတ်ပိုင်သျှင်အပါအဝင် ရီလုပ်သား ၃ ယောက် ထပ်ပျောက်နီရေလို့ သိရပါရေ။

ပျောက်နီရေလူတိကတော့ခါ ငပလီမြို့၊ ဂျိတ္တောအမှတ် (၆)ရပ်က ဘုတ်ပိုင်သျှင် ဦးဝင်းထွန်း၊ ရီလုပ်သား ဦးကျော်စိုးမင်း(၄၁နှစ်)နန့် ကိုသန်းလွင်ဦး (၂၂နှစ်) ရို့ဖြစ်ကတ်ပါရေ။

သူရို့သုံးယောက်စွာ ဒေနိ အာရုဏ်တက် ၄ နာရီလောက်က ဂွမြို့နယ်၊ ဆပ်သွားရွာနန့် ဘဲကျွန်းအနား ပင်လယ်ပြင်မာပျောက်ဆုံးလားရေလို့ သိရပါရေ။

ယင်းသုံးယောက်ပျောက်နီမှုနန့် ပတ်သက်လို့မိသားစုဝင်တိကတော့ ဘုတ်မြုပ်ပနာ ပျောက်လားရေလို့ မီဒီယာတိကို ပြောဆိုထားပါရေ။

ဒေပျောက်ဆုံးမှုဖြစ်စဉ်ရေ စပ်တပ်ဘာ ၁၁ ရက်နိ၊ မိုးထက ယင်းဘုတ်မာပါလာရေ ရီလုပ်သား ဦးလှသန်း(ခ)ဦးထားဝေစွာ ဂွမြို့နယ် ကြွီဂျိုင်နားမာ ဘုတ်ထက်က ပြုတ်ကျပနာ ပျောက်ဆုံးခပြီးနောက် တရက်အကြာမာ အဂုပိုင်ပေါ်ပေါက်လာခစွာ ဖြစ်ပါရေ။

အဆိုပါငါးဖမ်းဘုတ်စွာ  စပ်တမ်ဘာ ၉ ရက်နိက   ဘုတ်ပိုင်သျှင် ဦးဝင်းထွန်းနန့် တခြားရီလုပ်သား ၃ ယောက် စုစုပေါင်း ၄ ယောက်လိုက်ပါပြီးကေ ပင်လယ်ထဲသို့ပိုက်ဆွဲဖို့ထွက်လာကတ်စွာလို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/331217202636574

Leave a Reply

Your email address will not be published.