By Arakan Princess Media / 2023 September 28
ဒေနိ(စပ်တမ်ဘာ ၂၈ ရက်နိ)မိုးထ ၁၀ နာရီလောက်က ကချင်ပြည်ဟိ ခါယာတောင်က မြန်မာစစ်တပ် လက်နက်ကြီးနန့် ပစ်လို့ ကချင်လွတ်မြောက်ရီးတပ်မတော် KIA ဌာနချုပ်တည်ရာ လိုင်ဇာဟိ ရက္ခိုင့်တပ်တော် AA တပ် စခန်းတခုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပနာ AA ဗိုလ်ကြီးအဆင့် အရာဟိတယောက် ပြင်းထန်ဒဏ်ရာ ရလားခပြီး AA တပ်ဖွဲ့ ဝင်တချို့လည်း ထိခိုက်ဒဏ်ရာတိ ရလားကြောင်း သတင်းရဟိပါရေ။
ယင်းပြင်းထန်ဒဏ်ရာရလားရေ AA အရာဟိစွာ ဒေနိညဇာ ၄ နာရီဝန်းကျင်မာ ကျဆုံးလားခရေလို့ သိရပါရေ။
ဒေနိမာ KIA အပါအဝင် K-PDF တပ်ဖွဲ့တိစွာ မြန်မာစစ်တပ်နန့် တိုက်ပွဲတိဖြစ်ပွားနီခပြီးနောက် မိုးထ ၁၀ နာရီ လောက်အထိ နှစ်ဖက်တပ် တိ လက်နက်ကြီးနန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နီခကတ်ပါရေ။
ပစ်ခတ်မှုတိအတွင်း မြန်မာစစ်တပ်က ပစ်လိုက်တေ လက်နက်ကြီးကျည်တိစွာ လိုင်ဇာမြို့နားဟိ AA၏ မုန်လိုင်ခမ်း တပ်စခန်းသို့ကျ ရောက် ပေါက်ကွဲခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် AAအရာဟိအပါအဝင် တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရလားခြင်း ဖြစ်ပါရေ။
ကုန်ခရေ ၂၀၂၂ ခုနှစ်၊ ဂျူလိုင် ၄ ရက်နိကလည်း ကရင်ပြည် KNU နယ်မြီအတွင်း AA တပ်စခန်းတခုကို မြန်မာစစ်တပ်က ဂျက်တိုက်လီယာဉ် ၂ စီးနန့် ဗုံးကြဲတိုက်ခိုက်ခလို့ AA တပ်ဖွဲဝင် ၆ ယောင်ကျဆုံးခပြီးကေ အများအပြားဒဏ်ရာရလားခပါသိမ့်ရေ။
https://www.facebook.com/arakanprincessmedia1/posts/339885025103125