ကျောက်တော်မြို့နယ်တွင် မုန်တိုင်းအလွန် ၄လကြာလာကေလေ့ ငွေကြေးမတတ်နိုင်၍ နီအိမ်မဆောက်နိုင်သိမ့်သည့် အိမ်ထောင်စုရာချီဟိနီ

By Arakan Princess Media / 2023 September    7

ကျောက်တော်မြို့နယ်တွင် Mocha ဆိုင်ကလုန်းမုန်တိုင်းအလွန် ၄ လကြာလာကေလေ့ ငွေကြေးမတတ်နိုင်၍ အိမ်မဆောက်နိုင်သိမ့်သည့် အိမ်ထောင်စု ရာချီ ဟိနီသိမ့်ကြောင်း စုံစမ်းသိဟိရသည်။

ကျောက်တော်မြို့နယ်မှ သရက်အုပ်၊င/တပေါင်း၊သင်္ဘောကွေ့၊အောက်ဂါဘု၊အထက်ဂါဘု စသည့်ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စု ၆၀ ကျော်၊ ကျောက်တော်မြို့အထက်ဖက်ဟိ ကျားနင်းကန်၊ လိပ်မ စသည့် ကျေးရွာအုပ်စုများတွင် အိမ်ထောင်စု ၅၀ ​ကျော် နန့် ဗိုလ်မင်း၊ကြောင်ဖို့စသည့်ကျေးရွာအုပ်စုများတွင် အိမ်ထောင်စု ၂၀ ကျော်မှာ လက်ဟိအချိန်ထိ ပြန်မပြုပျင်နိုင်သိမ့်ဟု ဆိုသည်။

အဆိုပါ နီအိမ်ပြန်မပျင်နိုင်သိမ့်သောအိမ်ထောင်စုများမှာ နီးစပ်ရာဆွေမျိုးများအိမ်၌ ယာယီ ခိုလှုံနီကတ်ရပြီး တချို့မှာလည်း ယာယီ နီအိမ်များ ဆောက်လုပ်ကာ မိုးမလုံ၊လီမလုံနန့် ဖြစ်တေပိုင်နီထိုင်နီကတ်ရသည်။

ကုန်ခသည့် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်များတွင် နီအိမ်အဆောက်အအုံပေါင်း အများအပြား ပျက်စီးဆုံးယှုံးခရပြီး တချို့နီအိမ်များမှာ လက်ဟိအချိန်ထိ အမိုးအကာအောက်သို့ရောက်ရန်ခက်ခဲနီတုန်းဖြစ်သည်။

ယင်းအပြင် ရက္ခိုင်ပြည်သူများသည် မုန်တိုင်း သင့်ခပြီး ကောင်းမကြာသည် အချိန်တွင် ရီကြီးမှုဒဏ်ကိုပါ ထပ်ကြုံခကတ်ရ၍ စားနက်ရိက္ခာ၊အမိုးအကာ၊ ဆီးဝါး၊ သောက်သုံးရီစသည့်အရေးပေါ်အကူအညီများ စွာလိုအပ်နီသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားသည်။

https://www.facebook.com/arakanprincessmedia1/posts/328516012906693

Leave a Reply

Your email address will not be published.