By Arakan Princess Media / 2023 September 12

လူ့သဘော သဘာဝအရဖြစ်ပေါ်လိဟိသော လူ့လောဘများကို လိမ်လည်လှည့်ဖျားသူများက ငွေကြေးမက်လုံးများနန့်ပေါင်းစပ်ကာ အကျိုးဟိဟိ အသုံးချပြီး လက်တလုံးခြားငွေကြေးလိမ်လည်ကတ်ခြင်းသည် ဒေနိကမ္ဘာကြီး၌ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်လျက်ဟိသည်။ သူ့အိုးနန့်သူ့ဆန်၊သူ့အရပ်နန့်သူ့ဇာတ်ဆိုပိုင် လူလိမ်များကို ပုံစံအမျိုးမျိုးဖြင့် တွိမြင်နိုင်သည်။
ကမ္ဘာကျော်လူလိမ်ကြီးများသည် နိုင်ငံတိုင်းတွင် ဟိသည်။ မြန်မာပြည်အတွင်း၌လည်း လိမ်လည်လှည့်ဖျားသော လူလိမ်များကို ခေတ်အဆက်ဆက်တွင် ပုံစံ အမျိုးမျိးဖြင့် တွိမြင်နိုင်ပါသည်။
လွန်ခသော နှစ်ပေါင်းနှစ်ဆယ်ကာလ Gmail စတင်ခေတ်စားလာသော အချိန်များက Gmail များမှတဆင့် စာပို့ကာ “ဒေါ်လာသန်းချီ၍ မိသားစုအမွီရစရာဟိသည်။ ထိုအမွီကိုရရန် လောလောဆယ်ကနဦး ငွေ ဇာလောက် ပီးသွင်းရမည်။ ထို့ကြောင့် လောလောဆယ် ပီးသွင်းရန်လိုအပ်သော ငွေကြေးကို ခေတ္တ ယာယီစိုက်ပီးပါ။ ချီးပါ။အမွီရပါက တဝက် ခွဲပီးပါမည်။ ဒေ Bank Account ကိုထည့်ပီးပါ။ကူညီပါ” စသည်ဖြင့် ငွေကြေး မက်လုံးများဖြင့် လိမ်လည်လှည့်ဖျားသည့် နည်းတခု ပေါ် ပေါက်ခဖူးသည်။
အယုံလွယ်ပြီး လောဘဇောတက်သူများ သည် ဤကဲ့သို့သော နည်းလမ်းအောက်တွင် ပြားပြားမှောက်အလိမ်ခံရလိဟိသည်ကို တွိရသည်။
အခြားသော လိမ်နည်း နောက်တခုမှာလည်း “မိသားစုအမွီ ရစရာဟိသည်။ ထိုအမွီကိုလက်ခံရန်အတွက် အမျိုးသမီးဆိုပါက လိမ် လည်လှည့်ဖျားသူ၏ မိန်းမအဖြစ်၊ အမျိုးသားဆိုပါက လိမ်လည်လှည့်ဖျားသူ၏ အမျိုးသားအဖြစ် အဆိုပါနိုင်ငံသို့လာရောက်ပါ။ လာရောက်ရန် အတွက် အိမ်ထောင်စုစာရင်း၊ဟိုစာရင်း၊ ဒေစာရင်း လုပ်ရမည်။ ယင်းအတွက်ငွေဇာလောက်ကုန်ကျမည်။ ထိုကုန်ကျငွေကိုပီးရန် လိုအပ်သဖြင့် ဤ Bank Account သို့ ငွေထည့်ပီးပါ” စသည်ဖြင့် ဆင်းရဲနိမ့်ကျသော နိုင်ငံများမှ လူများကို ထိုနိုင်ငံထက် အဆင့်အတန်းမြင့်သော နိုင်ငံများမှ လူလိမ်များက နိုင်ငံအဆင့်အတန်းကွာဟမှု၊ နိုင်ငံခြား မက်လုံးကို အသုံးချကာ လိမ်ကတ်သည်။
ခေတ်အဆက်ဆက်၌ လိမ်လည်လှည့်ဖျား၍ ငွေကြေးရယူရန်ကြိုးပမ်းသူများသည် နည်းပညာခေတ်တွင် နည်းပညာများနန့်ပေါင်းစပ်လျက် လိမ်လည်လှည့်ဖျားခြင်းကို တခေတ်ဆန်းစီခသည်။
မြန်မာပြည်တွင် Kpay၊ Wave Money ရို့ ပေါ် လာသောအချိန်၌ လည်း လူ့သဘောသဘာဝ၊ တချို့သောသူများ၏အားနည်းချက်များကို အကျိုးဟိဟိအသုံးချကာ လူလိမ်များမှ ငွေကြေး လိမ်လည် ခကတ်သည်။ သိသာထင်ရှားသောနည်းတခုမှာ “ကံစမ်းမဲပေါက်ထားပြီးဗျာယ်။ အဆိုပါကံစမ်းမဲကို ထုတ်ယူရန်အတွက် ငွေဇာလောက်ကို ကနဦး အနီနန့် ပီးသွင်းရန်လိုအပ်သောကြောင့် ဖော်ပြပါ Kpay၊ Wave Money ရို့မှ ကန့်သတ်ထားသော အချိန်အတွင်း အချိန်မီလွှဲပီးပါ။ လွှဲမပီးပါက ကံစမ်းမဲလက် လွှတ်ရမည်” စသည်ဖြင့် လူ့လောဘကိုဗဟိုပြု၍ လိမ်လည်ကတ်သောနည်းလမ်းသည် ရိုးယှင်းပြီး အလိမ်ခံရသောသူများဒုနန့်ဒေး ဟိခသည်။ဆက်လက်၍လည်း ဟိနီတုန်းပင် ဖြစ်သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၆ ရက်နန့် ၇ ရက်ကလည်း တရုတ် – မြန်မာနယ်စပ်၊ သျှမ်းပြည်မြောက်ပိုင်း UWSA “ဝ” တပ်ဖွဲ့နယ်မြီအတွင်း လောင်းကဇတ်ဂိုဏ်းများနန့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ လုပ်ကိုင်နီသည့်တရုတ်နိုင်ငံသား ၁၂၀၇ ယောက်ကို “ဝ” တပ်ဖွဲ့ကဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လွှဲအပ်ခသည့် ဖြစ်စဉ်လည်း ဟိခပါသိမ့်သည်။
အထက်ဖော်ပြသည့်အတိုင်းငွေလိမ်ရာ၌ ငွေကြိုတင်ကုန်ကျစရိတ်ပီးစီခြင်း လိမ်လည်မှု၊အမွီဆိုင်ရာ လိမ်လည်မှု၊ ထီ၊ ဆု၊ ကံစမ်းမဲ ဆိုင်ရာ လိမ်လည်မှု၊ အွန်လိုင်းလူမှုကွန်ရက်ဆိုင်ရာ လိမ်လည်မှု၊ ငွေကြေးတိုးပွားခြင်းဆိုင်ရာ လိမ်လည်မှု၊ အရေးပေါ်ဆိုင်ရာ လိမ်လည်မှု၊ လှူဒါန်းမှုဆိုင်ရာလိမ်လည်မှု၊ အခွန် ဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင် ဆိုင်ရာ လိမ်လည်မှု အပါအဝင် ငွေကြေးလိမ်လည်နည်းလမ်းပေါင်း မြောက်မြားစွာဟိခသည်။
ယင်းသို့ ငွေကြေးလိမ်လည်ကတ်ရာတွင် တယောက်ချင်း သော်လည်းကောင်း၊ အုပ်စုလိုက်ဂိုဏ်းပုံစံဖွဲ့၍သော်လည်းကောင်း လှုပ်ယှားဆောင်ရွက်ကတ်သည်။ လူအုပ်စုဖြင့် ငွေလိမ်ဂိုဏ်းအသွင်ဆောင် လှုပ်ယှားမှုမျိုးကို ဒေရက်ပိုင်းအတွင်း ရက္ခိုင်ပြည်မြို့နယ်တချို့၌လည်း တွိရပါသည်။
၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၆ ရက်နိက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ၏ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် တာဝန်သိပြည်သူများ၏တိုင်တန်းချက်အရ ပေါက်တောမြို့နယ်၌ကံစမ်းမဲဖြင့်လိမ်လည် ဈီးရောင်းနီသည့် အဖွဲ့တဖွဲ့အား ခေါ်ယူစိစစ်မှုများ ပြုလုပ်ခသည်။
ယင်းသို့ စိစစ်ရာတွင်ထိုသူများမှာ ဗမာပြည်ဖက်မှ လာသူများဖြစ်ကတ်ပြီး၊ အဖွဲ့ဝင် ၂၀ ကျော်ပါကာ ရက္ခိုင်ပြည်အတွင်း နယ်လှည့် ၍ ကံစမ်းမဲဖြင့် လိမ်လည် ဈီးရောင်းနီသောအဖွဲ့ဖြစ်သည်။
၎င်းရို့သည် စစ်တွေမြို့၊မင်းဂံရပ်ကွက်တွင်အိမ်တဆောင်ငှားရမ်းနီထိုင်ကာ ရက္ခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်နန့် မောင်တောမြို့နယ်များ၌ ကံစမ်းမဲအကြောင်းပြ လိမ်လည် စျီးရောင်းခကတ်သည်။
၎င်းရို့အနီနန့် ကျေးရွာ/ရပ်ကွက်များကို၀င်ရောက်ရာတွင် ကနဦး ၀င်ခွင့်တောင်းခံခြင်း၊ ရီတောင်းသောက်ခြင်းဖြင့် အစပျိုးကာ ဒေ သခံပြည်သူများအား စည်းရုံးမှုများပြုလုပ်ခကတ်သည်။
ရွာသားများအား စည်းရုံးရာတွင်လည်း ၎င်းရို့၏ ကံစမ်းမဲ အကြောင်းရာတွင် (Charlie) အမျိုးစား ရီမွှီးပုလင်း၏အောက်၌ ခဲခြစ်ကံစမ်းမဲပါကြောင်း၊ ကံစမ်းမဲတွင်
(၁) Honda ဆိုင်ကယ်၊
(၂) ရီခဲတိုက်တာ (2 Doors)၊
(၃) ဆိုလာ မီသီး၊
(၄) Techno တယ်လီဖုန်း၊
(၅) အကြောနှိပ်စက်၊
(၆) ရွှီဆွဲကြိုး (ဆယ့်နှစ်သိန်းတန်)
(၇) ငွေသား (၁၆၀၀၀ဝိ/-)ကျပ်
(၈) ဗလာမဲ ဟူ၍ ၈ မျိုးပါဝင်ကြောင်း၊ ကံ စမ်းမဲတခုကို ၁၅၀၀၀၀ိ/-(တသိန်းခွဲကျပ်) နန့် ဝယ်ရမည်ဖြစ်ကြောင်း ပြော ဆို စည်းရုံးကတ်သည်။ ယင်းသို့ လှည့်ဖျားရာတွင် ကံစမ်းမဲပေါက်၍ မော်တော်ကား၊ ဆိုင်ကယ်၊ တီဗီ၊ ဖုန်းများရသူများဟုဆိုကာ ဖိုတိုချော့လုပ်ထားသည့်ဓာတ်ပုံများကိုလည်း ထုတ်ပြကတ်သည်။
သို့သော် လက်တွိမဲဖောက်ရာတွင် ကံစမ်းမဲ၌ အမှန်အကန် ထည့်ပီးထားသည်မှာ ကာလ တန်ဖိုး ၄-၅ သောင်းတန် ဆိုလာမီးသီးနန့် အကြောနှိပ်စက် ၂ မျိုးတည်းရာပါပြီး၊ ဈီးကြီးသော တန်ဖိုး တသိန်းခွဲကျော်သော ကျန်ပစ္စည်းများကို မထည့်ဘဲ ဖယ်ထားခသည်။
ဆိုလိုသည်မှာ ရွာသားတယောက်ကံစမ်းမဲဖောက်လျှင် ၎င်းရို့ တသိန်းခန့် အလိုအလျောက်ရနီသည်။ ရွာတရွာကိုဝင်လျှင် အနည်းဆုံး တကြိမ်မှ ငါးကြိမ်အထိ မဲဖောက်ရသဖြင့် ၎င်းရို့သည် ရွာတရွာက ငွေ ၁ သိန်းကျပ်မှ ၅ သိန်းကျပ်အထိအလွယ်တကူလိမ် ယူလားကတ်သည်။
လက်ဟိတွင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ သည် အဆိုပါအဖွဲ့အား အသေအချာ စိစစ်လျက်ဟိကြောင်း သိရသည်။
ယင်းသို့ ကံစမ်းမဲအကြောင်းပြ ငွေကြေးလိမ်လည်မှုနန့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA သတင်းနန့် ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ” ဒေဂုပိုင် သဘာဝကပ်ဘေးတိဆိုက်ပြီးကေ ဒုက္ခမျိုးစုံရင်ဆိုင်နီကတ်ရရေ အာရက္ခဒေသက ဆင်းရဲကျပ်တည်းရေ ပြည်သူတိကို ဗမာပြည်မက ဝိသမလောဘသားတချို့ လာရောက်ပြီးကေ အချောင်နှိုက် လိမ်လည်ပနာ စီးပွားရှာရေဆိုစွာက ကောင်း အောက်တန်းကျရေလုပ်ရပ်တိဖြစ်ပါရေ။ တဖက်မှာလည်း ဗမာပြည်မနီပြည်သူတိ၏အလုပ်ကိုင်ယှားပါးမှု၊ ဆင်းရဲမွဲတေမှုနန့် အကျင့်စာရိတ္တပျက်ယွင်းဖောက်ပြန်မှုတိကို ဖော်ပြနီစွာဖြစ်ပါရေ။ ယင်းအတွက်နန့် မြန်မာတပြည်လုံး အလုံးစုံ ပျက်ယွင်းမှုတိဖြစ်ပေါ်နီရေ ဒေပိုင်ခေတ်ပျက်၊ စံနစ်ပျက်အခြေအနီမျိုးမာ အာရက္ခပြည်သူတိအနီနန့် ဝိသမလောဘသားတိ၏ နည်းမျိုးစုံနန့် လိမ်လည်မှုတိကို မခံရအောင် အထူးသတိထားယှောင်ယှားကတ်ဖို့လိုအပ်ပါရေ” ဟု ပြည်သူလူထုများသို့ သတိပီး တိုက်တွန်း ပြောကြားပါသည်။
ယင်းအပြင် ပြည်သူများအနီနန့် မိမိရို့ရပ်ရွာသို့ အာဂန္တုလူစိမ်းများဝင်ရောက်လာခြင်း၊ ရီတောင်းသောက်ခြင်း၊ ကံစမ်းမဲ အပါအဝင် တစုံတရာ မက်လုံးဖြင့် စည်းရုံးခြင်း၊ လှည့်ဖြားဆွဲဆောင်ခြင်းကအစ အထူးသတိထားစောင့်ကြည့်ကာ နီးစပ်ရာ တာဝန်ဟိသူများထံ သတင်းပို့တိုင်တန်းကတ်ရန်လည်း ၎င်းက တိုက်တွန်းပါသည်။
ကုန်ခသည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်သည် နိုင်ငံရီး၊ စီးပွားရီး စသည့် အဖက်ဖက်က ချွတ်ခြုံကျကာ ပြည်သူများ အထွေထွေအကျပ် အတည်းများနန့် ရင်ဆိုင်နီရပိုင်၂၀၂၃ခုနှစ်၊ မေလ ၁၄ ရက်နိက ရက္ခိုင်ပြည်ကို ဗဟိုပြုတိုက်ခတ်ခသည့် ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့်လည်း အာရက္ခပြည်သူလူထုများမာ ကယ်ဆယ်ရီး၊ပြန် လည်ထူထောင်ရီးစိန်ခေါ်ချက်များစွာနန့်အတူ စားဝတ်နီရီးခက်ခဲကျပ်တည်းမှုများကို အဆိုးဝါးဆုံး ခါးသီးစွာ လိုင်စီးခံစားနီကတ်ရသည်။
လက်ဟိကာလသည် ဖီးအန္တရာယ် အသွယ်သွယ်နန့် အပူမီးဝိုင်းနီကတ်သည့် အာရက္ခတိုင်းပြည်၏ ရပ်ရွာများသို့ တောမီးလောင်ချိန် လက်ခမောင်းခတ်၍ဝင်လာတတ်သော ဝိသမလောဘသားတောကြောင်များအား ရက္ခိုင်ပြည်သူများအနီနန့် အထူးသတိထားရမည့်ကာလလည်း ဖြစ်သည်။
ယင်းအတွက် ငွေကြေးလိမ်လည်မခံရရီး ပြည်သူများဖက်က အထူး သတိထားစောင့်ကြည့်ရန်လိုအပ်သည့် နည်းတူ အွန်လိုင်း လိမ်လည်မှုကြီးများ၊ ကံစမ်းမဲလိမ်လည်မှုများအပါအဝင် ငွေကြေးလိမ်လည်မှုများကို မိမိရို့ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှလည်း တတ်နိုင်သမျှနည်းလမ်းစုံဖြင့်တိုက်ဖျက်နိုင်ရီး ကြိုးပမ်းလုပ်ဆောင်လားမည်ဟု ဦးခိုင်သုခက ဖြည့်စွက်ပြောဆိုခပါသည်။
ဇာပိုင်ပင်ဆိုဆို လူလိမ်များအနီနန့် မရိုးနိုင်သော လိမ်နည်းဝါနည်းများကို ဆန်းသစ်တီထွင်ကာ ရိုးအသောသူများ၊အယုံလွယ်သောသူများ၊ လောဘကြီးသော သူများထံမှ ငွေကြေးများ၊ ပစ္စည်းဥစ္စာများကို ဆက်လက်၍ လိမ်လည် ရယူနီအုံးမည်သာ ဖြစ်ပါသည်။
ထွန်းလှဖြူ
https://www.facebook.com/arakanprincessmedia1/posts/330945375997090