အာရက္ခမြေတွင် ပန်းများပျိုးဖို့ လက်နှစ်ဖက်မလိုခဲ့သူ

By Border News Agency / 2023 August   21

သင်ပုန်းကြီးပေါ်တွင် လှပလွန်းလှသည့် စာလုံးများကိုရေးချနေရင်း ပါးစပ်မှလည်းတတွက်တွက်ရှင်းပြနေရှာသည့်အ မျိုးသားတစ်ဦး၏နောက်တွင် ပါးကွက်များလိမ်းခြယ်ထားသည့် ကလေးငယ်များမှာ ပြုံးပျော်ရွှင်၍ စာရေးနေကြသည်။

“ဆရာ”ဟု ကလေးတစ်ဦးမှ အော်ခေါ်လိုက်သဖြင့် နောက်သို့လှည့်ကြည့်လိုက်သည့်ထိုအမျိုးသားတွင် လက်နှစ်ဖ က်လုံး၌ တံတောင်ဆစ်မှစ၍လက် ချောင်းများမပါပေ။

သို့ရာတွင် ထိုလူ၏တံတောင်ဆစ်များဖြင့်ရေးနေသည့် သင်ပုန်းအဖြူပေါ်မှ မှင်ပြာရောင်ဖြင့် စာလုံးများမှာကား အံ့သြစရာကောင်းလှအောင်လှပသေသပ်လွန်းနေသည်။

အဆိုပါကျောင်းဆရာမှာ မြောက်ဦးမြို့ နယ်၊သာယာကုန်းကျေးရွာမှ ခမီလူမျိုး ဆရာဦးအောင်မြင့်ဖြစ်သည်။

ကိုယ်ခန္ဓာမသန်စွမ်းသည့်ယင်းဆရာဦးအောင်မြင့်သည် အရာရာနိမ့်ပါးနေသည့်အာရက္ခပြည်တွင် ပညာတတ်များကိုစိတ်ခွန်အားကိုအရင်းပြုပြီးသင်ကြား မွေးထုတ်ပေးနေသူတစ်ဦးပင်ဖြစ်သ ည်။

“ကျွန်တော်မှာ ဒီဟာက မွေးရာပါဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော့်တပည့်တွေက တခြားရွာတွေမှာလည်း ရှိပါတယ်။ ဗိုလ်လောင်းတွေတောင်ရှိပါတယ်။ဗိုလ် လောင်း၊လဝက ပြီးတော့မဟာဘွဲ့ရတဲ့ ခြောက်ယောက် ခုနစ်ယောက်ရှိပါတယ် ။”ဟု ဆရာဦးအောင်မြင့်က ရင်ကိုကော့ပြီး မာန်ပါပါဖြင့်ပြောသည်။

ဆရာဦးအောင်မြင့်ကို ခမီလူမျိုးများဖြ စ်ကြသည့် ဖခင်ဦးမောင်ကျော်နှင့်မိခင်ဒေါ်ကြာခိုင်ဖြူတို့က ၁၉၈၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။

သူတို့မွေးချင်းညီအစ်ကိုနှစ်ဦးတွင် မောင်အောင်မြင့်က အငယ်ဖြစ်ပြီးခြေလက်အင်္ဂါအပြည့်အစုံမပါခဲ့သည့် မောင်အောင်မြင့်ကလေးသည် ဆင်းရဲ သားမိသားစုတွင် မွေးဖွားခဲ့သော်လည်း နွေးထွေးမှုများစွာဖြင့် ထွေးပွေ့ခံခဲ့ရသူဖြစ်သည်။

ထိုလက်နှစ်ဖက်လုံးမသန်စွမ်းသည့်အ ပြင် သုံးနှစ်သားအရွယ်တိုင်အောင် လမ်းမလျှောက်တက်ခဲ့သည့် မောင်အောင်မြင့်ကို ကျောင်းဆရာတစ်ဦးဖြစ်လာမည်ဟု မည်သူမှထင်မှတ်ခဲ့မည်မဟုတ်ပေ။

သူစာရေးသည့်အခါ လက်ချောင်းများအစား တံတောင်ဆစ်နှစ်ခုဖြင့် ရေးခဲ့ရသော်လည်း သူ့လက်ရေးများမှာ အတ န်းဖော်များ၏လက်ရေးထက်လှပသေသပ်သဖြင့် ဆရာ၊ဆရာမတို့ကပင် အံ့သြခဲ့ရသည်။

မောင်အောင်မြင့် နဝမတန်းအောင်ပြီး နောက်တစ်နှစ် သူ့အသက် ၁၅ နှစ်အရွယ်မှာ ပေါက်တောမြို့နယ်၊သျှင်ရွာမှ စပါးတောင်း( ယခင်က ရခိုင်တွင် ကျောင်းဆရာ၊ဆရာမရောက်နိုင်သည့် နေရာများတွင် စာသင်ပေးသူများကို စပါးပေးသည်။)ဆရာအဖြစ်ဖြင့် စာသ င်ပေးရန် ရွာသားအချို့က အကူအညီတောင်းခံလာခဲ့သည်။ဆရာလေးအောင်မြင့် ဟူသည့် ဘဝကို စရောက်ခဲ့တော့သည်။

သို့ရာတွင် မောင်အောင်မြင့်က သူ့ဘဝ ၏ စိတ်ဓာတ်အကျဆုံးမှာလည်းကျောင်းသားမိဘအချို့က သူ့၏ မသန်စွမ်းမှုကို ကလေးငယ်များအား စာသင်ပေးနိုင်သည့် အရည်အချင်းမရှိနိုင်ကြောင်း ကန့်ကွက်ခဲ့ကြသည့် အချိန်ပင်ဖြစ်သ ည်ဟု ဝမ်းနည်းစွာ ပြန်ပြောပြလာခဲ့သည်။

“ ဟင့်—ခြေက အသုန်ပိန်လိန်နေတဲ့ကြားက တံတောင်ဆစ်ကနေ ပိုင်းပြတ်နေတဲ့လက်နဲ့ ကလေးတွေကို စာသင်ပေးမလို့တဲ့ဆိုပြီး ပြောခဲ့ကြတာတွေရှိပါတယ်။”ဟု တုန်လာနေသည့် အသံတို့ကို ထိန်းကာပြောသည်။

မိဘများကွယ်လွန်ပြီးနောက်တွင် အစ် ကိုဖြစ်သူနှင့်မရီးဖြစ်သူတို့က သူ့အတွ က် မိဘသဖွယ်ဖြစ်လာခဲ့သည်။

သူ၏မသန်စွမ်းမှုကို ဝေဖန်၊နှိမ့်ချခံရမှုများကို မိသားစု၏အားပေးမှုကြောင့်ပ င်သူအဖြစ်ချင်ဆုံးကျောင်းဆရာအလု ပ်ကို ဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့သည်ဟု ဆို သည်။

ယင်းနောက်တွင် ဆရာဦးအောင်မြင့်တ စ်ယောက် စပါးတောင်းဆရာဘဝဖြင့် သူ့မွေးရပ်မြေဖြစ်သည့် မြောက်ဦးမြို့ နယ်၊သာယာကုန်း၊ပေါက်တောပြင်၊န ဂါးရာကျေးရွာအပြင် ပေါက်တောမြို့ နယ်၊သျှင်ရွာအနီးအနားတဝှိုက်မှကျေး ရွာတွေကိုပါစာသင်ပေးရမည်ဆိုလျှင် နွေ၊မိုးမရှောင် မမောနိုင်၊မပန်းနိုင်သွားပြနေခဲ့တော့သည်။

“သူက မသန်စွမ်း၊သူက မသန်မာဘဲနဲ့ ကျောင်းဆရာလုပ်လို့ ဘာရမလဲ။ဘယ် လိုပြမလဲ။ကဲရဲ့တာ၊ဆဲဆိုတာ၊ပြောဆိုတာတွေ အများကြီးရှိပါတယ်။ဒါပေမယ့် ကျွန်တော်အဲဒါတွေကို ဂရုမစိုက်ဘူး။အဓိက တပည့်တဦးတယောက်က ကျွန်တော့်အပေါ်မှာ ယုံကြည်လို့ရှိရင် အဲဒီတပည့်ကို တော်အောင်၊တက်အော င်၊ကျွမ်းကျင်အောင် ကျွန်တော့မှာ သင် ပြရမယ့် တာဝန်အပြည့်ရှိပါတယ်။အဓိ က ဆရာတို့မည်သည်မှာ စေတနာ၊ဝါသ နာ၊အနစ်နာ။နာသုံးနာနဲ့ ပြည့်ဝဖို့လိုပါတယ်။”ဟု သူ့ခံယူချက်ကို ပြောပြသ ည်။

သို့ရာတွင် ရခိုင်ပြည်၏ ပညာရေးအား နည်းချက်များကြောင့် ဆရာဦးအောင်မြင့်မှာ တရားဝင်ပညာရေးဝန်ထမ်းဖြစ်ရန်အချိန် ဆယ်စုနှစ်နီးပါးကြာအောင် စောင့်စားခဲ့ရသည်။

ရခိုင်အပါအဝင်မြန်မာပြည်အနှံ့တွင် မသန်းစွမ်းသူအများစုမှာခွဲခြားဆက်ဆံခံနေကြရပြီးအလုပ်အကိုင်အခွင့်အလမ်းများလည်းနည်းပါးကာ တန်းတူအခွင့်အရေးများမရကြဘူးဟု မသန်စွမ်းသူ များအရေးဆောင်ရွက်သူများက ဆိုကြသည်။

” ဒီမသန်စွမ်းကိစ္စက မသန်စွမ်းသူနဲ့ချ ည်းဆိုင်တာမဟုတ်ဘူး။သူ့မိသားစုဝင်နဲ့ပဲဆိုင်တာမဟုတ်ဘူး။အားလုံးလူတို င်းနဲ့ဆိုင်တာပေါ့လေ။လူတိုင်းကမသန် စွမ်းမှုအကြောင်းကို သိသွားမှသူတို့က ခွဲခြားဆက်ဆံမှုတွေ လျော့ကျပြီးအား လုံးသန်စွမ်းသူနဲ့မသန်စွမ်းသူနဲ့တန်းတူညီမျှ၊တန်းတူအခွင့်အရေး။အဲလိုမျိုး လူ့အသိုင်းက တော်တော်လေးကို လိုအ ပ်ပါတယ်။” ဟု ရခိုင်မသန်စွမ်းသူများအသင်းဥက္ကဌဦးလှမြင့်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မသန်စွမ်းသူ ငါးသန်းကျော်ရှိပြီး ရခိုင်တွင်ငါးသိန်းငါးထောင်ငါးရာ့သုံးဦးရှိကြောင်း၂ဝ၁၉ သန်းခေါင်စာရင်းတွင်ဖော်ပြထားသ ည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွ က်သက်မွေးဝမ်းကျောင်းသင်တန်းများ ၊အလုပ်အကိုင်စသည့်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် လက်လှမ်းမမီနိုင်သေးကြောင်း မသန်စွမ်းသူများ အရေးဆောင်ရွက်သူများက ဆိုကြသည်။

ကုလသမဂ္ဂမသန်စွမ်းသူများ၏အခွင့် အရေးကွန်ဗင်းရှင်းကို ၂ဝ၁၁ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင် ငံတွင် ယခုအချိန်အထိထိရောက်သည့် လုပ်ဆောင်ချက်များ မလုပ်နိုင်သေးကြောင့်လည်း မသန်စွမ်းသူများက ဆိုကြသည်။

” ခွဲခြားဆက်ဆံမှုကတော့ ခုအချိန်ထိတော့ လက်ရှိအထိရှိနေတုန်းပဲ။ဘာလို့လဲဆိုရင် သန်စွမ်းတဲ့သူတွေက မသန် စွမ်းတဲ့သူတွေကို အမြင်အမျိုးမျိုးမြင်တယ်ပေါ့။” ဟုရခိုင်မသန်စွမ်းသူများအသင်းဥက္ကဌဦးလှမြင့်က ပြောသည်။

ယင်းကြောင့် ဆရာဦးအောင်မြင့်ကဲ့သို့ ထူးချွန်သည့်ကိုယ်လက်အင်္ဂါမသန်စွ မ်းသူများအနေဖြင့် တရားဝင်ဝန်ထမ်းအလုပ်များကို လုပ်ခွင့်ရရှိရန်မှာခက်ခဲလှသည်။

သို့ရာတွင် လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ်၊စစ်တွေမြို့တွင်ပြုလုပ်သည့် ခမီတိုင်းရင် သားစာပေသင်တန်းကျောင်းကို ဆရာဦးအောင်မြင့် တက်ခွင့်ရခဲ့သည်။

ယခုလက်ရှိတွင် ဆရာဦးအောင်မြင့်မှာ သူ့မွေးရပ်မြေရွာကလေးတွင် ခမီတိုင်း ရင်းသားဘာသာသင်ကြားရေးအထော က်အကူပြု(TA)ဆရာလုပ်ခွင့်ရခဲ့သည့် အတွက် သူ့ခမီလူမျိုးအတွက်လည်း ဂုဏ်ယူနေမိသည်ဟု သူကဆိုသည်။

“အခက်အခဲကတော့ လူတိုင်းမှာရှိပါတ ယ်။မပြည့်စုံမှုအပေါ် ရှက်စိတ်၊သိမ်င ယ်စိတ်ရှိခဲ့ရင် အဲဒီလူကို အဲဒီမပြည့်စုံခြင်းက သတ်လိမ့်မယ်။ကျွန်တော်က တော့ စိတ်ကိုမြှင့်မြှင့်ထားတယ်။စိတ် ဓာတ်မကျဘူး။” ဟု သူက ဆိုသည်။

မိုးစက်များကြားတွင် ရေအိုင်များပြည့်နေ့သည့် ကျောင်းဆင်းချိန် မြေဆီအိတ်ခွံခင်းထားသည့် ရွာလမ်းကလေးပေါ်မှ အိမ်ပြန်နေသည့် ဆရာဦးအောင်မြင့်ကိုကား လမ်းတလျှောက်မှတပည့်၊သား သမီးများက ပြုံးပြနုတ်ဆက်နေကြသ ည်။

အရာရာနိမ့်ပါးနေသည့် အာရက္ခမြေတွင် မသန်သော်လည်း ပန်းပျိုးနိုင်အောင်စွမ်းသည်ကို ဆရာဦးအောင်မြင့်က သက်သေပြနေပါတော့သည်။

https://www.facebook.com/bordernewsagency/posts/314313764450128

Leave a Reply

Your email address will not be published.