By Border News Agency / 2023 August 12

အပစ်ရပ်ကတိတွေကို ချိုးဖောက်ပြီး ကုန်စည်၊ဆေး ဝါးသယ်ယူခွင့်တွေ ကန့်သတ်နေတဲ့ စစ်ကောင်စီတ ပ်ရဲ့လုပ်ရပ်ကြောင့် ချင်းပြည်၊ပလက်၀မှာ ဓါတ်ဆီနဲ့အခြေခံစာနပ်ရိက္ခာတွေ ဈေးအဆမတန်မြှင့်တက် နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ အ ပြစ်မဲ့အရပ်သားတွေကို လွှတ်ပေးဖို့၊ကုန်စည်၊ဆေး ဝါးသယ်ယူခွင့်တွေပေးဖို့၊ပိတ်ထားတဲ့လမ်းတွေ ပြန်ဖွင့်ဖို့စတဲ့ ကတိတွေနဲ့ ၂၀၂၂ ခုနှစ်၊နို၀င်ဘာလ ၂၆ ရက်နေ့မှာ အလွှတ်သဘောအပစ်ရပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကော င်စီတပ်ဟာ ဆေးဝါး၊အိမ်ဆောက်ပစ္စည်း၊ဓါတ်ဆီနဲ့ဆန်တို့ကို သယ်ယူခွင့်ကန့်သတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ကျောက်တော်ကနေ ဒီကိုဆေးတွေယူလို့မရဘူး။ဆန်တွေ ဆီတွေဆိုရင်လည်း ကိုယ့်ဟာကိုယ်၀ယ်ချင်တိုင်း၀ယ်လို့မရဘူး။လမ်းမှာ စစ်သားတွေကမယူရဘူး။အဲလိုဆိုတော့ အကုန်ဈေးတက်တာပေါ့။အပစ်မရပ်ခင်ကလည်း ဈေးတက်တယ်။အခုလည်း တက်တယ်။”လို့ ပလက်၀ဒေသခံတစ်ဦးက ပြောပါတယ်။
တဆင့်ပြန်ရောင်းတဲ့ ဆိုင်ရှင်တွေတောင် ဆန်တွေကို လိုသလောက် ၀ယ်ယူလို့မရဘဲစစ်တပ်ကကန့်သ တ်ထားတဲ့ ပမာဏအတိုင်းပဲ ၀ယ်ယူနေကြရတယ်လို့လည်း ဆိုကြပါတယ်။
ဒါကြောင့် ပလက်၀မှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၇၀၀၀ကျော်၊ဆန်တစ်အိတ်ကိုတစ်သိန်း၀န်းကျင်၊တစ်သိန်းခွဲထိ ပေး၀ယ်နေကြရတယ်လို့ ဆိုကြပါတ ယ်။
“တခါတလေဓါတ်ဆီတွေ ရှာမရဘူး။စစ်တပ်ကက န့်သတ်ထားတော့ နည်းနည်းရှားလာရင်ဆိုင်ရှင်တွေကလည်း ဈေးတင်လိုက်ရော။”လို့ နောက်ထပ်ပလ က်၀ဒေသခံတစ်ဦးက ပြောပါတယ်။
ပလက်၀ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ တခြားကုန်ပစွည်းတွေအတွက် ရခိုင်ပြည်၊ကျောက်တော်မြို့ကို အားကိုးနေကြရတာဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်တော်နဲ့ ပလက်၀ကို စစ်ကောင်စီက တစ်ပတ်မှာ နှစ်ကြိမ် သင်္ဘောပြေးဆွဲပေးနေပါတယ်။
ဒါပေမယ့် လမ်းတလျှောက် စစ်ကောင် စီတပ်ရင်း၊တပ်စခန်းတွေက ကုန်စည်သယ်ယူမှုကို ကန့်သတ်နေတာလို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊တကျော့ပြန်တိုက် ပွဲကာလနဲ့အရင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ တိုက်ပွဲကာလတွေမှာအဲဒီ ကျောက်တော် – ပလက်၀ရေလမ်းကြောင်းနဲ့ကုန်းလ မ်းတွေကို စစ်ကောင်စီတပ်က ကာလရှည်ကြာ ပိတ်ထားခဲ့ပါတယ်။
အဲဒီကာလတွေတုန်းကလည်း ပလက်၀မှာ ကြက်ဥတစ်လုံးကိုတစ်ထောင်၊ဓါတ်ဆီ တစ်လီတာကို တစ်သောင်းကျော်ထိ ကုန်ဈေးနှုန်းတွေ အဆမတန် မြှင့်တက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အပစ်ရပ်ပြီးနောက် ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် နော က်ထပ်အပစ်ရပ်ကတိတွေဖြစ်တဲ့ ကုန်စည်သယ်ယူခွင့်ကို ကန်သတ်ထားကာ ဖမ်းဆီးထားသူတွေကိုလည်း အလုံးစုံလွှတ်ပေးတာ မရှိသေးပါဘူး။
https://www.facebook.com/bordernewsagency/posts/309737121574459