သံတွဲချောင်းရီ စိုးရိမ်ရီမှတ်ထက်  ၂ ပေလောက်မြင့်တက်နီ၍ ကမ်းနားနန့် မြီနိမ့်ပိုင်းနီသူများ အထူးသတိပြုရန် မိုး/ဇလ သတိပီး

By Arakan Princess Media / 2023 August    3

သံတွဲမြို့ဟိ ချောင်းရီသည်  စိုးရိမ်ရီမှတ်အထက်၂ ပေလောက် ကျော်လွန်နီ၍ မြစ်ကမ်းနားနန့် မြီနိမ့်ပိုင်းများတွင် နီထိုင်သူများ အထူးသတိပြုရန် မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ဒေနိ (ဩဂတ်စ် ၃ ရက်နိ)ညဇာ ၂ နာရီတွင် သတိပီး ထုတ်ပြန်သည်။

ထုတ်ပြန်ချက်၌ “ဒေနိ ညဇာ ၂ နာရီအချိန်တိုင်းထွာချက်အရ သံတွဲချောင်းရီသည် မြို့၏ စိုးရိမ်ရီမှတ်အထက် ၂ ပေလောက်ကျော်လွန်ရောက်ဟိနီပါသည်။ ယင်းချောင်းရီသည် နောက်တရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရီမှတ်အထက်တွက် ဆက်လက်တည်ဟိနိုင်ပါသည်” ဟု ဆိုသည်။

ယင်းကြောင့် ရီကြီးမှုများဖြစ်ပေါ်နိုင်သည့်အတွက် သံတွဲမြို့နယ်ဟိ မြစ်ကမ်းနားနန့် မြီနိမ့်ပိုင်းဒေသများတွင် နီထိုင်သူများအနီနန့် အထူးသတိပြုနီထိုင်ကတ်ရန်လေ့ မိုး/ဇလ က အကြံပြုထားသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခသည့်  မုန်တိုင်းချေ၏ အဟိန်ကြောင့် ဩဂတ်စ် ၁  ရက်ညပိုင်းကပင် ရက္ခိုင်ပြည်တွင် မိုးအဆက် မပြတ်ရွာသွန်းနီခြင်းဖြစ်သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် သံတွဲနန့် တောင်ကုတ်မြို့နယ်ဟိ ​မြီနိမ့်ပိုင်း ဒေသတချို့တွင် ရီများဝင်ရောက်ကာ ရီလွမ်းမိုးမှုများဖြစ်ပေါ်ခကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/310869321338029

Leave a Reply

Your email address will not be published.