လီဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း မုန်တိုင်းချေအဖြစ်သို့ ရောက်မည်၊ ရက္ခိုင်ကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်၌ မိုးသက်လီပြင်းကျရောက်နိုင်ပြီး လှိုင်း အလွန်ကြီးမည်

By Arakan Princess Media / 2023 August    1

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နီသော လီဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း မုန်တိုင်းချေအဖြစ်သို့ ရောက်ဟိနိုင်ပြီး ယင်းမုန်တိုင်းချေ အဟိန်ကြောင့် ရက္ခိုင်ကမ်းရိုးတန်းတလျောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းများကျရောက်နိုင်ပြီး  လှိုင်းအလွန်ကြီးမည်ဟု မိုးလီဝသနန့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဒေနိ(ဩဂတ်စ် ၁ ရက်နိ) မိုးထ ၇ နာရီ တွင်ထုတ်ပြန် သည်။

ထုတ်ပြန်ချက်၌ ” ဒေနိ မြန်မာစံတော်ချိန်မိုးထ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နီသော အားကောင်းသော လီဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ဟိနီပါသည်။ အဆိုပါ အားကောင်းသော လီဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်မြောက်ဖက်သို့ ရွိလျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၆ နာရီအတွင်း မုန်တိုင်းချေ(Depression) အဖြစ်သို့ ရောက်ဟိနိုင်သည်ဟု ခန့်မှန်း ရပါသည် ဟုဖော်ပြထားသည်။

ယင်းမုန်တိုင်းချေ အဟိန်ကြောင့် ဒေနိမှ စ၍ ဩဂတ်စ် ၃ ရက်နိအတွင်း မြစ်ဝ ကျွန်းပေါ်၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့်ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လီပြင်းကျစဉ် ရီပြင်/မြီပြင်လီသည် တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပါကြောင်းထုတ်ပြန်ချက်က  ဖော်ပြသည်။

အလားတူ လှိုင်းအမြင့်မှာလေ့ ရက္ခိုင်ကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် ၁၂ ပေ မှ ၁၅ ပေလောက်အထိ ဟိနိုင်သည်ဟု မိုး/ဇလက ဆိုသည်။

ယင်းအပြင် ဒေနိမှစ၍ ဩဂတ်စ် ၃ ရက်နိအတွင်း ရက္ခိုင်ပြည်၊ ကရင်ပြည်၊ မွန်ပြည် ရို့တွင် ဒေသအလိုက် နီရာကွက်၍ မိုးကြီးနိုင်သည်ဟုလေ့ မိုး/ဇလထုတ်ပြန်ချက်၌ ပါဟိသည်။

ကုန်းမြင့်ဒေသနားတွင် နီထိုင်ကတ်သူများ၊  မြန်မာ့ကမ်းရိုးတန်း တလျှောက်နန့် မြစ်ချေ၊ ချောင်းချေများအနားတွင် နီထိုင်ကတ်သူများအနီနန့် အားကောင်းသောလီဖိအားနည်းရပ်ဝန်း၏အဟိန်ကြောင့် လီပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရီကြီးခြင်းနန့်တတူ မြီပြိုခြင်း၊ ရီကြီး၊ ရီလျှံ မှုများ ဖြစ်ပေါ်ခြင်း စသည့် မိုးလီဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနီထိုင်ကတ်ရန်နန့် ပြည်တွင်းလီကြောင်း ပျံသန်းရီးနန့် ရက္ခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နန့်ကမ်းလွန်ပင်လယ်ပြင်ရို့ဟိ ကမ်းနား၊ ကမ်းဝီးငါးဖမ်းဘုတ်များ၊ သင်္ဘောများအနီနန့်လေ့ကြိုတင်သတိပြုနိုင်ကတ်ပါရန် မိုး/ဇလက  အသိပီး နှိုးဆော်ထားသည်။

https://www.facebook.com/arakanprincessmedia1/posts/309643328127295

Leave a Reply

Your email address will not be published.